130.ကိုယ်ကျိုးအတွက်သာ

2.4K 314 22
                                    

ပိုင်ကျီသည် လီ​ဝေ့ရန်၏ငြိမ်သက်စွာအိပ်စက်နေသောမျက်နှာကို ကြည့်ပြီး ညင်သာစွာပြုံးလိုက်သည်။ သူမသည် စောင်ကိုခြုံ​ပေးကာ တိတ်တိတ်လေး​နောက်ပြန်ဆုတ်သွားတယ်။

နောက်နေ့မနက်စောစောမှာ ​ထော့ပါယုကတကယ်ပဲ ​တော်ဝင်တရားရုံးညီလာခံကို ပြန်လာ၏။ သူပြန်ရောက်လာတာနဲ့ နန်းတော်ထဲဝင်​ရောက်ပြီး နယ်စားကြီး​ကျောင်းအား "စစ်တပ်ကို သူ့အတွက်သူသာ ထိန်းသိမ်းထားပြီး ရန်သူကို စစ်တိုက်ရမှာ ကြောက်လို့ လွှတ်​ပေးလိုက်သည်”ဟူ​သောအမှုဖြင့် ဧကရာဇ်အား ဦးတင်လျှောက်ထားလိုက်တယ်။

အိမ်ရှေ့စံက အံ့အားသင့်သွားရသည်။ ​တော်ဝင်တရားရုံးညီလာခံအတွင်းမှာ နယ်စား​ကြီးကျောင်းမှလွဲ၍ တောင်ပိုင်း ရှင်ကျန်း​ဒေသအခြေအနေကို ထိန်းချုပ်ရန် သင့်လျော်သော စစ်သူကြီးကို ရှာတွေ့နိုင်မည်လိမ့်မဟုတ်ဟု သူထင်ခဲ့မိသည်။ ဤအချက်ကိုအခြေခံ၍ ရှင်းကျန်းတောင်ပိုင်းတွင် စစ်ဖြစ်လျှင်​တောင် နယ်စားကြီး​ကျောင်းက ကြည့်လုပ်​လောက်မည်ဟု သူက​ကောက်ချက်ချထားသော်လည်း ​ထော့ပါယုကပြန်လာလာချင်းအခိုက်တန့်တွင် ဒီလိုစွပ်စွဲချက်အမှုကို ​လျှောက်တင်လိမ့်မည်ဟု သူ မထင်ထားဘူး။

သို့သော် အထိတ်လန့်သွားရဆုံး​သောသူမှာ ​​ကျောင်းဟွာဖြစ်သည်။ သူ့အစီအစဉ်အရဆို ​ထော့ပါယုသည် ပုန်ကန်​သောရာဇ၀တ်မှု​ကြောင့် ရှင်းကျန်းတောင်ပိုင်းတွင် သေဆုံးသွားသင့်​နေရမည်ဖြစ်သည်။ အခု​​တော့ ထော့ပါယုက ​ဘေးမသီရန်မခလုံခြုံရုံမက အားမာန်အပြည့်နဲ့ သူ့လုပ်ရပ်ကြောင့် လူတိုင်းကို ရင်သပ်ရှုမောဖွယ်ကောင်းစရာဖြစ်​​နေတယ်။

အိမ်ရှေ့စံသည် ​ကျောင်းရွှီ၊ ​ကျောင်းဟွာနှင့် အခြားလူများကို နန်းတော်ထဲသို့ ဆောလျင်စွာခေါ်ဆောင်လာပြီး နယ်စားကြီး​ကျောင်းအတွက် စကားကောင်းလေးများ ပြော​ပေးလိုသော်လည်း ဧကရာဇ်က သူတို့ပြောလာမှာ​တောင်မစောင့်ဆိုင်းနိုင်​တော့ပေ။ သူက အမျက်ဒေါသထွက်နေပြီး

“ဒီ​လျှောက်တင်လွှာ သက်​​သေတွေကို ​ကောင်း​ကောင်းကြည့်ကြစမ်း!”

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now