17.ပြီးပြည့်စုံတဲ့ ရာဇဝတ်မှု

3.7K 463 4
                                    

သတ္တမကိုယ်လုပ်​တော်၏အဖျားသည် သိပ်မကြီး​ပေမယ့် စကားအနည်းငယ်​ပြောပြီး​နောက်မှာ​တော့ ပြင်းပြင်းထန်ထန်ချောင်းဆိုးလာပြန်သည်။

လီဝေ့ရန်ကလမ်းလျှောက်လာပြီး သူမအ​မေ၏ လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားသည်။

"​​မေမေ"

ယခင်ဘဝနဲ့ယခုဘဝတွင် သူမက သတ္တမ​ကိုယ်လုပ်​တော်ကို "​မေမေ" ဟုပထမဆုံးခေါ်ဖူးခြင်းပင်။

ဒါက ဝေ့ရန်ကို စိတ်ရူပ်​ထွေးကြောက်လန့်စေတယ်။ သူမကခုနကအရမ်းကိုတည်ငြိမ်​နေတာ​လေ။ အကယ်၍ ပထမသခင်မကသာလုပ်ကြံဖို့ ၁နာရီစော​သွားခဲ့ရင် သူမ၏မွေးမိခင်ကို သူမပြန်​တောင်တွေ့နိုင်တော့မည်မဟုတ်ပေ။

ကျူအာအမည်ရှိ အ​စေခံမိန်းကလေးသည်အလွန်ထိတ်လန့်နေသော်လည်း တုံးအပုံ​တော့ မ​ပေါ်​ပေ။ ကြောက်စရာကောင်းတဲ့အခြေအနေကို သိပြီး သူမချက်ချင်းပဲအိတ်တစ်လုံးကိုရှာဖို့အပြင်ကိုထွက်သွားခဲ့တယ်။ ထို့နောက် ပိုင်ကျီ၏ အကူအညီနှင့်အတူ သူမတို့၂ဦးသည်အထိန်း​တော်ကျောက်၏အလောင်းကို ကြီးမား​သော​ကျောက်ခဲများနှင့်အတူ အိတ်ထဲသို့ပစ်ထည့်လိုက်သည်။ ကံမကောင်းစွာဖြင့် ​အထိန်း​တော်ကျောက်သည် လေးလံလွန်းပြီးကျောက်တုံးများ၏အလေးချိန်ကို ထည့်မတွက်ရင်​တောင် မိန်းကလေး၂ယောက်သည်အိတ်ကို မထမ်းနိုင်ပေ။ ဒါကိုမြင်တော့ လီဝေ့ရန်ကကောင်မလေး
၂ ယောက်ကိုအိတ်ကူသယ်​ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အိတ်ကိုပြတင်းပေါက်နောက်ဘက်ရှိ ရေကန်ထဲသို့ပစ်ရန် သူတို့သုံးယောက်လုံး ပင်ပန်းနွမ်းနယ်သည့်အထိ အားသုံးလိုက်ရသည်။ အိတ်ပြုတ်ကျသွားလို့ထွက်လာတဲ့ ကြီးမားတဲ့ ပလုံဟူ​သောအသံကိုကြားလိုက်ရမှ သူမတို့ ၃ယောက်လုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးသက်ပြင်းချနိုင်သွားတယ်။

"အခန်းထဲက ​သွေးကွက်​တွေကို သန့်ရှင်းရေးသေချာလုပ်။ ဒီစွပ်ပြုတ်ပန်းကန်ကိုလည်း ပြန်ယူသွားပြီးပစ်လိုက်။ မင်းရဲ့လုပ်ဆောင်ချက်တွေက မြန်ဆန်​နေရမယ်။ အခြားသူတွေ သတိမထားမိစေနဲ့" လီဝေ့ရန်က ​စေ့​စေ့စပ်စပ်ညွှန်ကြားသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now