74.1.ဓါးသွားများကဲ့သို့​အေးစက်

3.9K 613 38
                                    

အမတ်ချုပ်ကြီးနေအိမ်​တော်

ပထမသခင်မသည် အမတ်ချုပ်ကြီး၏အိမ်​တော်သို့အလျင်အမြန်ပြန်သွား​သော်လည်းလီဝေ့ရန်အားစောင့်ကြည့်စိတ်ပူခဲ့ခြင်းမရှိပေ။ အဘယ်​ကြောင့်ဆို​သော် လီ​​ရှောင်ရန်သည် သုံးရက်ကြာအပြင်သို့ထွက်သွားခဲ့ပြီး​နောက် ကိုယ်လုပ်​တော်အသစ်ကို အမှန်တကယ်ပင်​ခေါ်လာခဲ့သောကြောင့်ဖြစ်သည်။ ထူးခြားတာကတော့ ဒီတခါ​တော့ ကိုယ်လုပ်​တော်အသစ်​ခေါ်လာမည့်အ​ကြောင်းကို လီ​ရှောင်ရန်ကပထမသခင်မအားကြိုမသိစေခဲ့ဘူး။

ဆိုလိုသည်မှာ လီ​​ရှောင်ရန်သည် သူမအားယခင်ကဲ့သို့လေးစားမှုမရှိဟုဆိုလိုသည်။ ဒီအကြောင်းကိုစဉ်းစားကြည့်​တော့ ဗူးဒူးအဖြစ်အပျက်​နောက်ပိုင်းတွင်လီ​ရှောင်ရန်သည်သူမဆီသို့တစ်ခါမှမရောက်လာခဲ့​ချေ။ ပုံမှန်အားဖြင့် ပထမသခင်မသည် ဒါကိုခံနိုင်ရည်ရှိသော်လည်းယခုတစ်ကြိမ်တွင်မူသူမကသည်းမခံနိုင်တော့​ပေ။ သူမသည် လီချန်းလဲ့နှင့်အတူအိမ်​​တော်သို့အလျင်အမြန်ပြန်​လာပြီး​နောက် လီ​ရှောင်ရန်သည် သူ၏သစ်လွင်​သောဇနီးအ​ချော​လေးအား ပွဲအခမ်းအနားဆီခေါ်သွားခဲ့ပြီး အိမ်​တော်သို့မ​ရောက်ရှိ​သေးကြောင်းကိုသိလိုက်ရသည်။ ဒေါသသည် သည်းခံမှုသို့ပြောင်းလဲသွား​လေ​လေ သူမကအံကိုတင်းတင်းကြိတ်ကာသွေးကိုမြည်းစမ်းနိုင်သည့်အထိဖြစ်သွားစေသည်။ သူမက တစ်ညလုံး လူးလိမ့်ရင်းအ​တွေး​တွေနှင့်ဗျာများ​နေသဖြင့် လီ​ဝေ့ရန်ဘယ်နေရာ​တွင်​ရောက်ရှိ​နေသည်ဆိုတာကိုပင်မေးဖို့တောင်မေ့သွားခဲ့တယ်။ နောက်နေ့မနက်မှာ​တော့ သူမကဂနာမငြိမ်ဖြစ်နေဆဲပင် အသစ်စက်စက်​ရောက်ရှိလာ​သောအ​ချော​လေး ယွမ်မိန်းက​လေးကိုဆင့်​ခေါ်ဖို့လူတွေကိုချက်ခြင်း​စေလွှတ်လိုက်သည်။

ပထမသခင်မက သူမ၏လက်ထဲတွင်လက်ဖက်ရည်ခွက်ကိုဆုပ်ကိုင်ထားပြီးသူမ၏ ရှေ့တွင်ရှိ​နေသောကိုယ်လုပ်​တော်ယွမ်ကိုကြည့်နေမိသည်။

ဒီအမျိုးသမီးတွင် နှင်းဖြူကဲ့သို့အသားအရည်မျက်နှာမျိုးရှိ၍ သူမ၏နှာခေါင်းနှင့်မျက်နှာပုံသွင်ပြင်သည်ကျောက်စိမ်းတုံးကိုဂရုတစိုက်ထွင်းထုထားပုံနှင့်ပင်တူသည်။ ဒီနေရာမှာရပ်နေတဲ့သူမက နှင်းမုန်တိုင်းကြားကပန်းလေးတွေနဲ့သစ်ပင်တွေလိုပင်နုနယ်လှသည်။ ယွမ်မိန်းက​လေး၏အလှတရားသည် သူမ၏လှပသောသမီးပျိုကိုမယှဉ်နိုင်သော်လည်းအခြားသူများကိုအာရုံစိုက်ရန်ခက်ခဲစေ​သောထူးခြားသည့်အ​ချောလှ​လေးဖြစ်သည်။ သူမသည်လေပြည်ကဲ့သို့ယိမ်းနွဲ့စွာလမ်းလျှောက်ထွက်လာပြီး​နောက် ကျက်သ​ရေရှိစွာနှုတ်ဆက်ဂါရဝပြုလိုက်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now