60.​​နွေဦး​ရေပြင်တွင်လှိုင်းလွန့်လူး

3.8K 556 13
                                    

လူအားလုံးက အံ့အားသင့်သွားပြီး​နောက် ချက်ချင်းပဲ သူတို့ရဲ့အကြည့်ကိုတံခါးအပြင်ဘက်မှာရပ်နေတဲ့ လူငယ်တစ်ယောက်ဆီသို့ လွှဲကြည့်လိုက်မိသည်။

သူ၏မျက်ဝန်းများသည် လပြည့်ညကဲ့သို့ကြည်လင်တောက်ပ​နေသည်။ သူ၏ရှင်းလင်းပြတ်သားမှုနှင့် အေးစက်မှုတို့ကိုအဝေးမှပင်မြင်နိုင်သဖြင့် သူသည်ပတ်၀န်းကျင်​လောကကြီးမှာ သီးသန့်ဖြစ်​နေသလိုပင် အခြားသူများက မျက်စိကိုရဲရဲဖွင့်ထားရန်ပင် ခက်ခဲစေမိသည်။ သူ၏​တစ်မူထူးခြား​လက်ရာ​မြောက်သော ငွေချည်ထိုးများ​ကြောင့် သူ၏အဖြူ​ရောင်​​ပြောင် ဝတ်ရုံ​​​လျှောကျ​နေပုံကပင် ကြည့်​ကောင်းလွန်း​နေသည်။

ဒါသည် ရိုးရှင်းပြီးသဘာဝကျသည်ဆို​ပေမယ့် လူတိုင်းကို နှစ်သက်ကြည်ညိုလေးစားမှုကိုဖြစ်စေသည်ပင်။

သတ္တမမင်းသားဖြစ်တဲ့​ ထော့ပါယု၊ လီ​ဝေ့ရန်ကမျက်မှောင်ကြုတ်လိုက်မိသည်။ သူ​တောင်မှပဲရောက်လာသည်​ပေါ့​လေ။

​ထော့ပါယုက တံခါးများမှတစ်ဆင့် အတွင်းသို့ဝင်လာသောအခါ လီ​ဝေ့ရန်ကိုသာတည့်တည့်စိုက်ကြည့်လိုက်သည်။ ဖြစ်နိုင်တာက​တော့ သူတို့တွေ့ဆုံတဲ့ ပထမဆုံးအကြိမ်ဖြစ်သည့်အချိန်တည်းက သူမက ဒီမိသားစုကိုလျှို့ဝှက်ကြံစည်ဖို့ သရုပ်​​ဆောင်ပြတာကိုမထင်မှတ်ပဲ သူ​တွေ့မြင်ပြီး​နောက် သူမ​လေးသည် နည်းနည်း​​တော့ရယ်စရာ​ပေါ့​သေး​သေးမဟုတ်ဟု​ တွေးထားမိသည်။ အခုချိန် အဲဒီ့စုရုံးနေတဲ့ မိန်းမပျိုအုပ်ကြားထဲမှာ​တောင် သူက သူမကိုအလွယ်တကူမှတ်မိ​နေ​မိသည်။

သူမသည် လှပသောပိုးထည်အဝတ်အစားများကိုပြောင်းလဲဝတ်ဆင်ထားသော်လည်း သူမ၏ မျက်နှာသည် ကြည်လင်သထက်ကြည်လင်​နေသည်။ ဥာဏ်နီဥာဏ်နက်များနှင့် တောက်ပသောအပြုံးရှိသည့် သူမကိုတစ်ချက်ကြည့်ရုံနှင့်ပင် မှတ်မိနိုင်သည်။ သူမက ရည်ရွယ်ချက်ရှိရှိ ဝက်တွေကိုလွတ်စေခဲ့ပြီးတကယ်ကို ​ရေတွင်းနားမှာ သနားစရာကောင်းစရာငိုကြွေးမြည်တမ်းပြခဲ့သည်ပင်။ ထို့အပြင်လက်ဖက်ရည်ဆိုင်မှာ သူမကသူ့အား တမင်တကာရှောင်ဖယ်​နေခဲ့​သေးသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now