118.1.စား​တော်ပွဲမပါတဲ့စား​​သောက်ပွဲ

2.9K 404 13
                                    

လီဝေ့ရန်သည် ယနေ့ခန်းမ​ဆောင်တော်တွင် အဘယ်ကြောင့် ဒီမျှ ရန်လိုနေသလဲဆိုတာကို သူသိသည်။ သူမသည် ကျောင်းနန်၏အသက်ကိုလိုချင်ရုံသာမက ကျောင်းသခင်မကြီး၏ အသက်ကိုလည်း လိုချင်နေသည်! ဒါက သူမ​လေးသည် ကျောင်းသခင်မကြီးက အသက်ကြာကြာရှည်မှာ မဟုတ်​ကြောင်း အချိန်အတော်ကြာတည်းက မှန်းဆထားပြီးသားဖြစ်ကြောင်းရှင်းလင်း​နေကာ သေဒဏ်အမိန့်ချက်ချင်းထွက်လာစေခြင်းဖြစ်သည်။

ကျောင်းဟွမ်က လေးနက်စွာ မျက်မှောင်ကြုတ်ပြီး

“အဖေ၊ ဒီမိန်းကလေးက အဘွားကို ဒေါသ​ကြောင့် သေ​စေချင်ရုံတင်မက​လောက်ဘူး။ သူမရဲ့ တကယ့်စိတ်ရင်းက.....”

ကျောင်းရွှီက ခေါင်းညိတ်လိုက်ပြီး

"သူမက ဒုတိယညီ(ကျောင်းရွှီ​၏ညီ၊ ကျောင်းထျန်၏အ​ဖေ)နဲ့ မင်းရဲ့ညီအစ်ကိုတွေအားလုံးကို ဝမ်းနည်းပူ​ဆွေးကာလအတွက် ပြန်လာစေချင်နေတာပဲ"

ကျောင်းဟွမ်က သူ့သွားတွေကိုအံကြိတ်ရင်း

“ဒီကောင်မလေးကွာ! ဒီအကွက်က တကယ်ကို ဆိုးရွားရက်စက်လွန်းတယ်!”

သူကတွေးတောဆင်ခြင်ပြီးနောက် ထပ်မံ၍

“အရှင်မင်းကြီးက အမိန့်တော်ထုတ်ပြန်ထားသရွေ့တော့ သူမက လွယ်လွယ်နဲ့ မအောင်မြင်လောက်ပါဘူး”

မိသားစုအခေါင်းတလားဘေးမှာ စောင့်ကြပ်စေဖို့အတွက် အပြင်မှာတပ်စွဲထားတဲ့ စစ်သူကြီးကို လွတ်ငြိမ်းခွင့်ပေးတာမျိုးက အရင်တုန်းက မကြုံစဖူးပေ။

ကျောင်းရွှီက သက်ပြင်းရှည်ကြီးချလိုက်ရင်း

"အရင်တုန်းကတော့ အရှင်မင်းကြီးက ငါတို့တွေကို ယုံကြည်ခဲ့တယ်။ အမိန့်​တော်တစ်ခု​လောက်နဲ့တင် လွတ်ငြိမ်းချမ်းသာခွင့်ရနိုင်ပေမယ့် အခုတော့ မဖြစ်နိုင်တော့ဘူး။ အရှင်မင်းကြီးက ငါတို့ကို လောလောဆယ် စောင့်ကြည့်နေတယ်။ မဟုတ်ရင် ဒီဖြစ်ရပ်ကြောင့်နဲ့​တော့ မင်းရဲ့စတုတ္ထညီကို သူသတ်ချင်မှာ မဟုတ်ဘူး”

ကျောင်းဟွမ်သည် သတိထားရမည့်ကိစ္စကို ဂရုမစိုက်ဘဲ

“ဒီအကြောင်းကို အခု မပြောပါနဲ့ဦး အဖေ၊ စတုတ္ထညီကို ကယ်တင်ဖို့လိုအပ်နေပြီ! သူက စိတ်မြန်သွားတယ်ဆိုရုံပါ!"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now