24.ဖျက်ဆီးခံလိုက်ရ​သော ပိုးထည်

3.8K 474 1
                                    

လူတိုင်းက သူတို့၏ပိုးထည်များဖြင့်ပျော်ရွှင်စွာထွက်ခွာသွားကြပြီး လီ​ဝေ့ရန်က​တော့ ကျန်​ရစ်နေခဲ့လိုက်သည်။ နေ့လည်ခင်းတိုင်း သူမသည် ​သခင်မကြီးအတွက် လက်ဖက်ရည်​ဖျော်​ပေးရန်​နေ​ပေးရ​သော​ကြောင့်ပင်။

​သခင်မကြီးသည် လီအိမ်​တော်သို့ပြန်မလာမီသူမ၏နေထိုင်မှုပုံစံကို အမှန်တကယ်စိတ်ဝင်စားပြီး သူမကိုအမြဲမေးခွန်းများ​မေး​လေ့ရှိသည်။

လီ​ဝေ့ရန်သည် နူးညံ့သိမ်မွေ့သောအသံဖြင့် ဖိင်ချန်ရှိလီအိမ်​တော်၌ သူမတွေ့ကြုံခဲ့ရသောစိတ်ဝင်စားစရာပုံပြင်များကို ​​သခင်မကြီးအားပြန်ပြောပြ​လေ့ရှိသည်။

သို့သော် ​​သခင်မကြီးက သူမ၏ခေါင်းကိုယမ်းလိုက်ပြီး

"တတိယမိန်းက​လေး၊ မင်းအမှန်အတိုင်းပြောနေတာမဟုတ်ဘူးမလား" ဟုပြော​​လေ့ရှိသည်။

လီ​ဝေ့ရန်သည် ကြည်လင်သောမျက်လုံးတစ်စုံနှင့် ​သခင်မကြီးကို မိနစ်အနည်းငယ်အကြာစိုက်ကြည့်ပြီး​နောက်ဆုံးတွင်

“​သခင်မကြီး၊ ဘွားဘွားကအဖြစ်မှန်ကိုကြားချင်လားဟင်”

​သခင်မကြီးက ခေါင်းညိတ်လိုက်သည်။ 

"အမှန်တရားကို ငါကြားချင်တယ်"

လီ​ဝေ့ရန်ကအသက်ပြင်းပြင်းရှူလိုက်သည်။  လူတစ်​ယောက်သည် အချို့အရာများနှင့် ပတ်သက်၍အမှန်တကယ်သိလိုလျှင် နောက်ဆုံးတွင် အမှန်တရားကိုရှာဖွေတွေ့ရှိသွားလိမ့်မည်။ထို့ကြောင့် ဒါကိုဖုံးကွယ်ရန်မလိုအပ်ဘူးမလား။

"သမီးက ၇နှစ်အရွယ်အထိ ဖိင်ချန်မှာရှိတဲ့ လီအိမ်​တော်မှာနေခဲ့ရပါတယ်။ အမတ်ချုပ်ကြီးအိမ်​တော်က သမီးကိုဘယ်သူမှလာခေါ်ဖို့ မပို့​ပေးတာကြောင့် သူတို့ကသမီးကိုရွာမှာရှိတဲ့ ကျိုးမိသားစုဆီကို ချက်ချင်းပို့လိုက်ကြတယ်။ ကျိုး မိသားစုရဲ့ စီမံခန့်ခွဲသူကလွီရှီပါ။ သူမက အလွန်ကြမ်းတမ်းရုန့်ရန်းပြီး များ​သောအားဖြင့်သမီးကိုအစာစားခွင့်မပေးခဲ့ဘူး။ သမီးငယ်ငယ်တုန်းက​တော့ ကိစ္စတွေကို သေချာနားမလည်ခဲ့တာကြောင့် မီးဖိုချောင်ထဲကအစားအ​သောက်တွေကိုခိုးယူခဲ့ရတယ်။ ဒါ​ပေမယ့် သူမကမိသွားပြီးအပြစ်ပေးတာကိုခံခဲ့ရတယ်” 

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now