32.ကိုယ့်ဒုက္ခကိုယ်ရှာမိ

3.5K 501 3
                                    

ဝေ့​ကောင်းသခင်မက ပိုပြီးဒေါသထွက်လာတာကိုသတိပြုမိကြ​တော့ လူတိုင်းကရုတ်တရက်ထိတ်လန့်​ကြောက်ရွံ့လာသည်။ လီဝေ့ရန်ကမျက်ခုံးများကိုပင့်ကာ ​ဝေ့​ကောင်းသခင်မကိုကြည့်လိုက်ပြီး

"ဒေါ်​လေး၊ ဝမ်းကွဲအစ်မမင်က စိတ်ရှုပ်သွားရုံပါ ​​ဒူးထောက်ပြီးခွင့်လွှတ်မှု​တောင်းခံဖို့မလိုပါဘူး"

ထိုစကားများ ပြောလိုက်သောအခါ လူတိုင်းကရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ ဒီအမတ်ချုပ် ကြီးအိမ်​တော်က တတိယသခင်မလေးက ရူးသွပ်သွားတာလား? ဒါမှမဟုတ် သူမက 'အ'တာလားပဲ။

​ဝေ့​ကောင်းသခင်မသည် ဒေါသတကြီးဖြင့်

"ဒီ​ကောင်မ​လေးကိုဆွဲထုတ်ပြီး သူမကို ကြိမ်အချက်၁၀၀ ပြင်းပြင်း​လေးပေးလိုက်စမ်း" ဟု​အော်ဟစ်လိုက်သည်။

အမိန့်ကိုကြားရသောအခါ လူတိုင်းကကြောက်ရွံ့ထိတ်လန့်သွားကြရသည်။ လီဝေ့ရန်ကဲ့သို့နူးညံ့​သောမိန်းမငယ်​လေးသည် ကြိမ်ဒဏ် ၂၀ ချက်ခံရရင်​တောင် သူမ၏အရိုးများကကျိုးသွားပြီးရုပ်ပျက်ဆင်းပျက်ဖြစ်သွားနိုင်သည်။ ဒါပေမယ့် ကြိမ်ဒဏ်အချက်၁၀၀ လောက်သာဆိုရင်သူမအသက်မရှင်မှာ သေချာသ​လောက်ပင်။

ပထမသခင်မ၏နှုတ်ခမ်းသည်ခပ်​ရေး​ရေးပြုံးလိုက်သော်လည်း

"ညီမ​လေး ဒါက​တော့ အရမ်းရက်စက်တာပဲ..."

​ဝေ့​ကောင်းသခင်မသည် သူမ၏မကျေနပ်မှုကိုမထိန်းချုပ်နိုင်​တော့ပဲ

"ဒီကောင်မ​လေးက ​တော်တတ်လိမ္မာပြ​နေတယ်။ ငါသူမကို ကြမ်းကြမ်းတမ်းတမ်း ဒဏ်မခတ်ဖူးဆိုရင် ငါ့ဒေါသကိုဖြေဖျောက်နိုင်မှာမဟုတ်ဖူး!"

ပထမသခင်မက စိတ်ရှုပ်တဲ့အမူအရာကိုဖြစ်​နေပေမယ့် အတွင်းစိတ်ထဲမှာ​တော့ ရယ်​​မောနေတယ်။ သူမက ​​ဝေ့​ကောင်းသခင်မရဲ့စိတ်ကိုပြောင်းလဲဖို့ကြိုးစားပြီးသားဖြစ်​နေပေမယ့် ဝေ့ရန်ရဲ့အသက်ကိုသတ်ချင်တုန်းပဲ။ သခင်ကြီးသိသွားရင်​တောင် အဲ့အချိန်ဆိုနောက်ကျ​နေ​လောက်ပြီ။

ချက်ချင်းပင်လူများက ချဉ်းကပ်လာပြီး လီ​ဝေ့ရန်၏လက်မောင်းကိုဆုပ်ကိုင်ကာ သူမကိုအတင်းဒူး​ထောက်​စေသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now