84.2.မ​​ကောင်းဆိုးဝါးသဖွယ်

3.3K 531 21
                                    

လီ​ဝေ့ရန်က သူမကိုကို့ရိုးကားရားနိုင်စွာကြည့်ပြီး

“ဒါ​… ဒါက​တော့ ကောင်းတဲ့အကြံဥာဏ်တော့ မဟုတ်​လောက်ဘူး​နော်”

"ဒါက ဘာများမ​ကောင်းစရာရှိမလဲ? အန်းဖိန်ကသာသဘောမတူရင် သခင်မကတခြားအကြံအစည်တစ်ခုခုကြံစည်မှာကို ကျွန်မစိုးရိမ်မိပါတယ်။ သူမရဲ့အကြံပြုချက်ကိုသာ အန်းဖိန်ကလက်ခံလိုက်ရင် ကျွန်မကမျက်စိ​​​ထောင့်ထောက်ကူညီ​စောင့်ကြည့်​ပေး​နေမှာကို အာမခံနိုင်ပါတယ်။ ဒါဆိုဘာအမှားအယွင်းမှဖြစ်မှာမဟုတ်​တော့ဘူး​​လေ!"

လီဝေ့ရန်က ဘာမှပြန်မပြောဘဲပြုံးလိုက်မိသည်။

ရေချိုး​ဆောင်ကိစ္စပြီးသည့်နောက် ပိုင်ကျီသည် အထိန်း​တော်တုကိုယုံကြည်​နေပြီဖြစ်သောကြောင့် သူမက အသံကိုလျှော့လိုက်ပြီး

"မမ​လေး၊ အထိန်း​တော်တု​ပြောတာလည်းမှန်ပါတယ်"

ဘာပဲဖြစ်​နေဖြစ်​နေ ပထမသခင်မသည် သူမ၏ တရားဝင်ပထမမိခင်ဖြစ်​နေ​သေးသည်။ သူမက အခြားတစ်ခုခုကိုကြံဖို့တွေးတောမိပါက သူမတို့ကိုယ်သူမတို့ ကာကွယ်ရန်မှာအခက်တွေ့နိုင်သည်။ အခုအချိန်မှာတော့ လွယ်လွယ်ကူကူ လာဘ်ထိုးထားနိုင်​သောအထိန်း​​တော်တုရှိ​နေသဖြင့် သူမတို့စိတ်ပူစရာမလိုတော့ဘူးမလား။ ပထမသခင်မက သူမတို့ကိုပစ်မှတ်ထားချင်နေရင်တောင်မှ ပိုက်ဆံလိုချင်တဲ့လောဘဇောတက်​နေ​သောအထိန်း​​တော်တုက သူမတို့ကိုကူညီမှာ သေချာတယ်​လေ။

အထိန်း​တော်တုသည် လီ​ဝေ့ရန်ကိုသတိအ​နေအထားဖြင့်ကြည့်ကာ

"ဒီအ​စေခံက အတတ်နိုင်ဆုံးအ​ကောင်းဆုံးဖြစ်​အောင်ကြိုးစားပါ့မယ်"

လီ​​ဝေ့ရန်သည် ဆက်တိုက်ပြုံး​နေ​သော်လည်းသ​ဘောတူသည့်အရိပ်အ​ယောင်​ရော ကန့်ကွက်သည့်အရိပ်အ​ယောင်​ရောမရှိ​ပေ။

သူမ၏တိတ်ဆိတ်နေမှု​ကြောင့် အထိန်း​တော်တုသည်သက်ပြင်းချလိုက်မိသည်။ အကယ်၍ အန်းဖိန်သာဆက်ခေါင်းမာနေမည်ဆိုလျှင် သူမအ​နေနှင့် ပထမသခင်မထံပြန်တင်ပြရန်အတွက် ခက်ခဲသွားလိမ့်မည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now