50.နှင်းထဲတွင် ငါးမျှားထွက်

3.6K 551 9
                                    

လီ​ဝေ့ရန်က ​ပေါ့ပါး​သောအပြုံးဖြင့်

"မမကြီးရဲ့ စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်​နော်"

ချန်းလဲ့သည် ဟယ်ရှင်းယွမ်အ​ဆောင်တွင် ​ဝေ့ရန်ကိုရှုံးနိမ့်ပြီးကတည်းက သူမသည် အခြားလူတစ်ယောက်အဖြစ်ပြောင်းလဲသွားပုံရသည်။ ​ဝေ့ရန်ကို နူးနူးညံ့ညံ့ဆက်ဆံပြုမူရုံတင်မက ယဉ်ကျေးပြခြင်းဖြင့် သူမ၏တည်ငြိမ်မှုကို ထိန်းထားသည်။

ဒါက ကျိန်း​သေ​ပေါက် ပထမသခင်မက သူမအား ဆူပူကြိမ်းမောင်းမှုပေးခဲ့သည်မှာ သိသာထင်ရှားသည်။

လီချန်းလဲ့နှင့်နှိုင်းယှဉ်ရင်​တော့ လီ​ဝေ့ရန်တွင် အထက်တန်းကျ​သော ​ပေါင်ဒါမှုန့်ထူထူများမရှိခြင်းကြောင့် သူမကိုပိုမိုငယ်ရွယ်နုပျိုပုံပေါက်စေသည်။ ဒါပေမယ့် ​​​ထော့ပါကျန်းက သူမကိုမြင်လိုက်တာနဲ့ ပင်မခန်းမ​ဆောင်ရှိ သူမ၏ အစွယ်ထုတ်ရန်လိုတတ်​သော ယုံကြည်မှုလွန်ကဲသည့် ပုံရိပ်ကိုပြန်မြင်​​ယောင်မိသည်။ သူက သူမကိုသတိမထားမိပဲ မ​နေနိုင်ပဲ တပြုံးပြုံးဖြင့်

"တတိယသခင်မ​လေး ကျေးဇူးပြုပြီးထိုင်ပါဦး"

လီ​ဝေ့ရန်ကမငြင်းဆန်ဘဲ လီချန်းရှီရဲ့အေးစက်တဲ့မျက်နှာ​ဘေးကို မမြင်ဖူးသလိုမျိုး ချန်းရှီရဲ့ဘေးမှာထိုင်လိုက်တယ်။ လီချန်း​ရှောင်က တိတ်ဆိတ်စွာပြုံးပြလိုက်သဖြင့် လီဝေ့ရန်က အနည်းငယ်​တော့အံ့သြသွားသလိုခံစားလိုက်ရသည်။

ယခင်ဘဝတွင်မူ လီချန်း​​ရှောင်သည်လည်း အခုကဲ့သို့ပင်.သူမလိုမျိုး အားနည်းပြီးစိတ်ကောင်းနှလုံးကောင်းနှင့် နာခံနားလည်မှုရှိခဲ့သည်။ နောက်ဆုံးတွင် ပထမသခင်မသည် သူမအား ပဉ္စမမင်းသားနှင့် ထိမ်းမြား​ပေးခဲ့သော်လည်း ပဉ္စမမင်းသား၏မိခင်သည်မြင့်မြတ်သော မျိုးနွယ်ဖြစ်သဖြင့် သူမ​လေးကကိုယ်လုပ်တော်အဆင့်သာဖြစ်ခဲ့ရသည်။ ပထမဇနီးသည်က ချုပ်ချယ်စိုးမိုးလွန်းတာကြောင့် သူမ၏နေ့ရက်များသည် မလွယ်ကူခဲ့​ချေ။ သူမသည် ကိုယ်ဝန်၂ခါပျက်ကျပြီး​နောက် သူမ၏ စိတ်သည် တဖြည်းဖြည်းယိုယွင်းလာပြီး လီမိသားစု၏ စွန့်ပစ်ခံကလေးဖြစ်လာခဲ့ရသည်။ လီချန်း​ရှောင်၏ကြင်နာသောအပြုံးကို တစ်ဖန်ပြန်မြင်ရသောအခါ လီ​ဝေ့ရန်သည် မစာနာဘဲ မနေနိုင်ဖြစ်မိသည်။ သူမသည် လူတိုင်း၏ ကံကြမ္မာကို မပြောင်းလဲနိုင်​ပေ။ သို့သော် ပထမသခင်မနှင့်အခြားသူများကို သူမက ဖယ်ရှားနိုင်မည့်နေ့ရှိလာခဲ့လျှင် ဒီညီမ​လေး၏ကံကြမ္မာသည်​ကော အလှည့်အပြောင်းဖြစ်လိမ့်မည်လော။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now