66.2.ကိုယ့်​သေတွင်းကိုယ်တူး

4.5K 557 64
                                    

သခင်မကြီးကမျက်မှောင်ကြုတ်ပြီး

"ဘာရှိ​နေတယ်?"

အထိန်း​တော်လျိုသည် အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ပထမသခင်မ၏တင်းမာသောအကြည့်ကိုတစ်ချက်ကြည့်လိုက်ပြီး

"ဒီအ​စေခံကြီး​ကလျှောက်တင်ရမယ်ဆိုရင်​တော့ သခင်မ၊ အဲဒါက "ထု"ဖြစ်ပါတယ်"

" "ထု"တဲ့လား?"

လီ​ရှောင်ရန်သည် အမတ်ချုပ်ကြီးတစ်ဦးဖြစ်သဖြင့်ကျေးလက်ဒေသတွင်ပေါက်သောဤအပင်ကို မျက်လုံးထဲတွင်မမြင်မိပေ။

"အဲဒါကဘာလဲ?"

လီဝေ့ရန်၏နှုတ်ခမ်းများက ဖြည်းဖြည်းချင်းမြှင့်တက်လာသည်။ လီချန်းရှီ၏မျက်နှာသည် ထိတ်လန့်တုန်လှုပ်​နေသည်ပင်။ ဒါကဘယ်လိုဖြစ်သွားရတာလဲ။

အထိန်း​​တော်လျိုသည် ရှေ့သို့တက်သွားပြီး နောက် အသားခဲ​ကိုဂရုတစိုက်ဖြတ်ကာဖွင့်ချလိုက်သည်။ အထဲတွင်မဲနက်​နေ​သောအရာတစ်ခုရှိနေသည်ကို လူတိုင်းမြင်သွားကြသည်။ လီ​ရှောင်ရန်ကမျက်မှောင်ကြုတ်လိုက်ပြီး

"ကောင်း​ရော အဲဒါကဘာကြီးလဲ?"

"အဲ့ဒါကအဆိပ်ပြင်းတဲ့ပေါင်းမြက်အမျိုးအစားတစ်မျိုးပါ။ ဒါသာသီးနှံပင်တွေအနီးမှာပေါက်​နေရင် အခြားဘယ်အပင်ကိုမှမစိုက်ပျိုးနိုင်ပါဘူး။ ဒါကြောင့်အဲ့တာကို "ထု"လို့ခေါ်ပါတယ်။ အထိန်း​တော်လျို၏ ထုတ်ဖော်ပြောပြသည့်အမူရာမှာ အလွန်လေးနက်နေသည်။ သူမသည်အိမ်​တော်အတွင်း၌ နှစ်​ပေါင်းများစွာ​နေထိုင်ခဲ့​သော်လည်း ဤကဲ့သို့ အော်ဂလီဆန်စရာအရာမျိုးကိုအခုမှမြင်ဖူးခြင်းပင်။ လီမိသားစုတွင် ဤကဲ့သို့သောအရာမျိုးမပေါ်ပေါက်နိုင်ဟု သူမကထင်ခဲ့ဖူးသည်။

"ဘာလို့ဒါက ဒီနေရာမှာရှိနေတာလဲ"

လီ​ရှောင်ရန်၏မျက်နှာပေါ်တွင် သံသယအနည်းငယ်ပေါ်လာပြီး

"ဒါက ဘာအတွက်သုံးတာလဲ"

လီချန်းလဲ့ကအလျင်အမြန်ပြောသည်မှာ

"ဒီမှာရှိ​နေတဲ့လူသားအချင်းက ပဉ္စမညီမ​လေးကသမီးကိုပေးခဲ့တာပါ"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now