82.1.ရုတ်တရက်ကြီးရူးသွပ်

3.4K 570 83
                                    

ပိုင်ကျီသည် တခဏလောက်ကြောင်အမ်းသွားရာက​နေ သူမကဝါးတုတ်၂ချောင်းကိုယူလာပြီး ကင်းမြီးကောက်အရှင်လတ်လတ်ကိုကိုင်လာသည်။ လီ​ဝေ့ရန်က အသံတိုးတိုးလေးဖြင့်

"နင့်ကိုယ်နင် အပြစ်ကင်းတယ်လို့​ပြော​နေမှ​တော့လည်း ကောင်းပြီ​လေ။ ဒီကင်းမြီးကောက်ကိုသာ နင်မျိုချမယ်ဆိုရင် နင်အပြစ်ကင်းစင်တယ်ဆိုတာကိုငါယုံကြည်​ပေးမယ်။ အနာဂတ်မှာလည်း သေချာပေါက် နင်နဲ့ဆက်ဆံ​ရေး​ကောင်း​အောင်​နေမယ်​လေ"

လီချန်းရှီသည် ဖြူဖျော့လာပြီး သူမတစ်ကိုယ်လုံးက သစ်သားရုပ်သေးရုပ်လိုတောင့်တင်း​နေသည်။

ကျောက်နဥ်၏ဓါးက လီချန်းရှီ၏လည်ပင်းပေါ်ကိုတင်ထား​လေရာ မည်သူမျှစကားမပြောဝံ့ဘဲ လီချန်းရှီ၏အ​စေခံအပါအဝင် အကြည့်များအားလုံးက သူမကိုကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်နေကြသည်။

တိတ်ဆိတ်မှုအပြည့်နဲ့ အခန်းထဲမှာ ကင်းမြီးကောက်က "ပဒ" ဆိုတဲ့ အသံနဲ့လူးလွန့်လိုက်သဖြင့် လီချန်းရှီကိုကြောက်လန့်တကြား တုန်လှုပ်သွားစေသည်။

လီဝေ့ရန်သည် တိတ်တဆိတ်ပြုံးလိုက်ပြီး လီချန်းရှီ၏တစ်ကိုယ်လုံးက တုန်တုန်ယင်ယင်နှင့် ကြမ်းပြင်ပေါ်တွင် လူးလွန့်တွားသွားမိသည်။

လီ​ဝေ့ရန်က ဖြည်းညှင်းစွာရယ်မောလိုက်ပြီး

"ကြောက်နေတာလား? ဒါဆိုရင်ကြည့်ရတာ နင်ပြောခဲ့တဲ့စကားတွေက မရိုးသားလို့များလား"

လီချန်းရှီက တိတ်တိတ်ဆိတ်ဆိတ် ငိုရှိုက်​နေလိုက်ပြီး နာကြည်းမှုတွေကပေါ်လာပေမယ့် သူမက ပြင်းပြင်းထန်ထန်ဖုံးကွယ်ထားရင်း

"တတိယအစ်မ ငါမှားမှန်းသိပါပြီ။ ငါ့ကို ချမ်းသာ​ပေးပါ!"

လီ​ဝေ့ရန်ကပြုံးပြီး

"ငါ့ကို သက်သေပြမလား ဒါမှမဟုတ်..."

သူမရဲ့အကြည့်တွေက အေးစက်နေတဲ့ဓါးသွားထက်ဆီကျ​ရောက်သွားသည်။

လီချန်းရှီက ထိတ်လန့်သွားကာ

"နင်ငါ့ကို မသတ်ရဲပါဘူး!"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now