79.1.မထင်မှတ်တဲ့​တွေ့ဆုံမှု

4K 621 72
                                    

အထိန်း​တော်တုသည် ကြောက်အားလန့်အားဖြစ်​နေသဖြင့် လီမင်ဖန်သည်သူမကိုစိတ်ငြိမ်​အောင်လုပ်ကာ သမား​တော်​ခေါ်​ပေးဖို့ ကျယ်လောင်လောင်အော်ဟစ်လိုက်သည်။ သမား​တော်သည် သူ့ဆေး​သေတ္တာကိုကိုင်ဆောင်လာ​နေရင်း အခြေအနေကိုမြင်သောအခါ ချက်ချင်းပင်ပြေးလာပြီး ပထမသခင်မ၏သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် သူ၏ အမူအရာမှာ အနှိုင်းမဲ့လေးနက်လာသည်။ လီမင်ဖန်က

"သမား​တော်၊ ကျုပ်ရဲ့အမေ ဘယ်လို​နေလဲ?"

သမား​တော်ရဲ့အမူရာကယိုယွင်းစွာဖြင့်

"ဒါက......"

လီမင်ဖန်က "ဗလုံးဗ​ထွေး​တွေ​ပြောမ​နေစမ်းနဲ့!"

သမား​တော်က

"ပထမသခင်မက အစက​တော့သာမန်အအေးမိတာပဲဖြစ်ပေမယ့် အခု​တော့တုန်လှုပ်​ခြောက်ခြား​နေပုံပဲ။ ဒီနေ့တော့စိုးရိမ်ပူပန်စိတ်ကြောင့် နှလုံး​ဖောက်သွားပြီးသွေးတွေအန်နေတာပါ။ သူမရဲ့သွေးခုန်နှုန်းကိုကျုပ်စမ်းစပ်ကြည့်​တော့ ခန္ဓါကိုယ်က ​တော်​တော်​လေးအ​ခြေအ​နေဆိုး​နေတယ်။ နှလုံးခုန်နှုန်းကလည်း အားနည်းနေတယ်။ သူမသာကျန်းမာရေးကို မပြုစုဂရုမစိုက်ရင် ကျုပ်ကြောက်မိတာက....."

လီမင်ဖန်၏မျက်နှာသည် ပြောင်းလဲသွားသည်။ ပထမသခင်မ၏ကျန်းမာရေးသည် အမြဲလိုလိုကောင်းမွန်နေသော်လည်း ယခုတစ်ကြိမ်တွင်မူသူမ၏နှလုံးခုန်နှုန်းကပါအားနည်းနေသည်တဲ့လား။

"နှလုံးကို အထောက်အကူဖြစ်စေမယ့် ဆေးကိုကျုပ်ညွှန်းလိုက်ပါ့မယ်။ သူမကိုအနားယူဖို့ စောင့်ကြည့်​ပေးပါ။ ဦးနှောက်ကို ဝန်ပိ​စေမယ့်အရာ​တွေကိုရှောင်​ပေးခိုင်းပါ။ ပြသာနာ​တွေးစရာတွေအရမ်းများများမ​တွေးခိုင်းပါနဲ့။ မဟုတ်ရင် ဗုဒ္ဓတောင်မှ သူမကို မကယ်တင်နိုင်ဘူးဖြစ်သွားလိမ့်မယ်"

သမား​တော်က သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

သမား​တော်က သူ့ဆေးစာရေးဖို့ အပြင်ထွက်သွားတဲ့အခါ အထိန်း​တော်တုက သူမရဲ့မျက်လုံးထောင့်မှာ မျက်ရည်တွေကိုသုတ်လိုက်ပြီး

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now