73.1.လျှို့ဝှက်​သော ဇာစ်မြစ်သရုပ်မှန်

3.9K 730 58
                                    

လီဝေ့ရန်သည် သူမ၏မျက်နှာပေါ်တွင်နာကျင်မှုတစ်စုံတစ်ရာကိုမပြသခဲ့ပေမဲ့သူမကမျက်ခုံးကိုပင့်ကာအခြားတစ်ဖက်ကိုကြည့်လိုက်သည်။

"ဒါက ရှင်​ပြောတဲ့မ​ကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုတဲ့သ​ဘောထားကို ပြသတဲ့နည်းလမ်းလား"

မီးခိုးရောင်ဝတ်ထားသောလူက

"လွှတ်​ပေးလိုက်!" ဟုဆိုသည်။

လီဝေ့ရန်၏အနောက်မှ အစိမ်းရောင်ဝတ်စုံနှင့်လူသည်ချက်ချင်းပင်နောက်သို့ဆုတ်လိုက်သော်လည်း ဓားကိုကိုင်ထားကာမနီးမဝေးတွင်မတ်တတ်ရပ်လျက်ရှိနေဆဲဖြစ်သည်။

အခြားတစ်ဖက်သည် လီမင်တိ၏အသက်အန္တရာယ်ကိုသာစိုးရိမ်ပုံရ​ကြောင်းကို လီ​ဝေ့ရန်က သတိပြုမိလိုက်သည်။ သူ၏မျက်လုံးများတွင် သူမသည်ပုရွက်ဆိတ်များကဲ့သို့ပင်အရေးမပါလှပေ။ သို့သော်အကြောင်းအမျိုးမျိုးကြောင့်အခြားတစ်ဖက်သည် သူမ၏အသက်ကိုလည်းမနူတ်ယူချင်ပေ။ သူမ၏အကြည့်သည် သတိလစ်နေပြီဖြစ်သောလီမင်တိဆီသို့ရောက်ရှိသွားသည်။

"ရှင်တို့က မင်တိကိုဘာလုပ်ချင်နေကြတာလဲ!"

လီဝေ့ရန်ကဖြည်းဖြည်းချင်းပြောလိုက်သည်။

လူတိုင်း၏မျက်နှာသည် တစ်ဖန်အရောင်ပြောင်းသွားပြီးဒီတစ်ကြိမ်တွင်မီးခိုးရောင်ဝတ်ထားသောလူသည်ပင်အံ့သြသွား၏။ သူတို့၏အမြင်များတွင် ဒီမိန်းက​လေးငယ်သည် အန္တရာယ်နှင့်ရင်ဆိုင်ရပြီး ဓားဖြင့်ခြိမ်းခြောက်ခံရသည့်တိုင်အောင် သူမကတည်ငြိမ်စွာအကဲခတ်ဆုံးဖြတ်နိုင်နေ​သေးသည်။ လီမင်တိအတွက်သူတို့လာရောက်သည်ကိုပင် သူမကသိ​နေ​သေးသည်။ ဒါကမိန်းမပျိုလေးတစ်ယောက်လုပ်နိုင်တဲ့အရာမဟုတ်တာကြောင့် သူတို့ကိုတကယ်ထိတ်လန့်စေမိသည်။

ထိုအချိန်မှာ အစိမ်းရောင်ဝတ်ထားတဲ့လူတစ်ယောက်ကရုတ်တရက်ဆိုသလိုပင်

“သူ့ရဲ့အသက်ရှူနူန်းကပိုအားနည်းလာနေပြီ!” ဟုဆိုသည်။

မီးခိုးရောင်ဝတ်ထားသောလူ၏အမူအရာသည်ပြောင်းလဲသွားပြီးလီမင်တိကိုအမြန်ကောက်​ပွေ့ရန်ထိုင်ချလိုက်သည်။ လီဝေ့ရန်ကသူ့ရှေ့တွင်ရပ်လိုက်ပြီးနောက်လီမင်တိကိုလက်ညှိုးထိုးပြကာ

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now