124.1.အကြိမ်၁​ထောင်အပိုင်းပိုင်းပြတ်​သေဆုံးရ

2.5K 358 9
                                    

​ကျောင်းပထမသခင်မသည် လီ​ဝေ့ရန်ကိုသတ်ပစ်နိုင်ရန် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် စိတ်ကူးယဉ်ထားသော်လည်း သည်းခံနိုင်စွမ်းရှိ​သောသူဖြစ်သည်။ သို့သော် ထိုစကားများကြောင့် သူမ၏မျက်နှာတစ်ပြင်လုံး နီရဲသွားသည်။

"ငါ ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး! ငါ့အပေါ် အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေ မလုပ်စမ်းနဲ့!"

လီ​ဝေ့ရန်က လီသခင်မကြီးကိုကြည့်ပြီး

"ဘွားဘွား၊ ပထမတော့ မမကြီးကို တစ်ယောက်ယောက်နဲ့ အစားထိုးခံခဲ့ရတယ်။ အဲဒီမ​ကောင်းဆိုးဝါးက ဘယ်ကလာမှန်း သမီး​တော့မသိဘူး။ နောက်ပိုင်းမှာ ဘွား​လေးက ရုတ်တရက် အဆိပ်ခတ်ခံရပြီး သမီးက လူသတ်သမားအဖြစ် အစွပ်စွဲခံခဲ့ရတယ်။ ဘွား​လေးက အပြင်းဖျားနေခဲ့တယ်ဆိုတာ သက်သေပြခဲ့ပြီးတာ​တောင် ​ဒေါ်ဒေါ်နဲ့ ဦးကြီး၂ယောက်စလုံးက ငြင်းဆို​နေကြတယ်။ အဲဒါကို တွေးကြည့်ရင် ကိစ္စက ဒီထက်မက ရှိကိုရှိရမယ်ဆိုတာကို သမီးတို့ သိထားသင့်တယ်။ မြန်မြန်ပြန်ကြရအောင်​နော်။ သမီး ဒီ​နေရာမှာ ဆက်မနေရဲတော့ဘူး” ဟု သူမက လီသခင်မကြီးကို တွဲကူညီရန် သွားစဉ်ပြောလာသည်။

လီသခင်မကြီးက ကျယ်လောင်စွာ ရယ်မောလုမတတ်ဖြစ်သော်လည်း သူမသည် တည်ကြည်စွာဖြင့်

“သွားကြမယ်။ ငါတို့ကို ဒီ​နေရာမှာ မကြိုဆို​နေမှ​တော့ ငါတို့ ထပ်လာစရာ မလိုတော့ဘူး”

​ကျောင်းဟွမ်က စိတ်လိုက်မာန်ပါဖြစ်​နေပြီး လီ​ဝေ့ရန်အားသင်ခန်းစာတစ်ခု​​လောက်​ပေးချင်သဖြင့် ​ရှေ့သို့မတိုးလာဘဲမ​နေနိုင်ဖြစ်​နေ​တော့ သူ့ဒုတိယအစ်ကိုဖြစ်သူ ​ကျောင်းရန်က သူ့လက်မောင်းကို ဆွဲကိုင်လိုက်ပြီး

"ညီငယ်၊ စိတ်အေးအေးထားစမ်း!"

​​ကျောင်းဟွမ်သည် သူတို့ကြားတွင် အမြဲတမ်း အတည်ငြိမ်ဆုံးဖြစ်သော်လည်း ယခု​တော့ သူသည် ထူးထူးခြားခြားစိတ်လိုက်မာန်ပါဖြစ်​နေသည့် အပြုအမူကို ပြသနေပြီဖြစ်သည်။ ဒီလီ​ဝေ့ရန်က သူတစ်ပါးကို ရူးသွပ်အောင်လုပ်နိုင်စွမ်း ရှိလွန်းတယ်။ ​ကျောင်းရန်သည် မရွှင်ပြသော မျက်နှာဖြင့် လီဝေ့ရန်ကိုစိုက်ကြည့်နေသည်။ သူ့မျက်လုံးတွေက အဆိပ်ပြင်းတဲ့မြွေတစ်ကောင်လို သားကောင်ကိုကြည့်နေသလိုဆိုပေမယ့် ဒီမှာရှိ​နေတဲ့ လူအုပ်ကြီးကြောင့် သူဘာမှမလုပ်နိုင်ဘဲ အဆိပ်​တွေကို တိတ်တိတ်လေး မျိုချ​နေရသလိုပင်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now