101.1.အိမ်ကြီးရှင်သခင်မ

3K 432 5
                                    

ည​နေဘက်အချိန်အခါတွင် လီဝေ့ရန်သည် ဟယ့်ရှင်းယွမ်အ​ဆောင်ထံသို့ အမြန်ချဉ်းကပ်လာသည်။

အ​စေခံများက သူမကိုဝင်ခွင့်ပြုဖို့ ကန့်လန့်ကာတွေကို မတင်​ပေးလိုက်ပြီး

"အန်းဖိန်မင်းသမီး၊ သခင်မကြီးက အန်းဖိန်ကို စောင့်နေပါတယ်"ဟုပြုံးပြုံးရွှင်ရွှင်​ပြောလာသည်။

လီ​ဝေ့ရန်က ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး သူမရဲ့ခြေလှမ်းတွေကို ရပ်တန့်မနေဘဲ အမြန်ဝင်လာတယ်။

လီ​ဝေ့ရန် လျှောက်လှမ်းလာစဉ်တွင် ကုလားထိုင်ပေါ်တွင်ထိုင်ကာ အထိန်း​တော်လျိုလက်ဖက်ရည်ဆက်သသည်ကို သောက်သုံးနေသော သခင်မကြီးကိုတွေ့လိုက်ရသည်။ လီ​ဝေ့ရန်က သူမအား တရိုတ​သေဂါရဝါပြုဆုမွန်ကောင်းတောင်းပေးပြီးနောက် သခင်မကြီးက ပြုံး​ရွှင်စွာဖြင့်

“ထပါကွယ်။ ဒီအချိန်ကြီးမှာ မင်းက ငါ့ကို​တွေ့ဖို့ ဒီနေရာကို​ရောက်လာတာဆို​တော့စိတ်အရင်းခံဖြစ်မှာပဲ"

လီ​ဝေ့ရန်ကထ၍ သခင်မကြီးအား ကျေးဇူးတင်စကားဆိုလိုက်သည်။ သခင်မကြီးသည် ဘေးနားကမုန့်တွေကိုညွှန်ပြပြီး

"မင်းရဲ့ မေ​မေ​လေးက ဒါ​တွေကို မနက်ကတင် ပို့ပေးလိုက်တာ။ မြည်းကြည့်စမ်းပါဦး" ဟု​ပြောသည်။

လီ​ဝေ့ရန်က ပြုံးကာ လမ်းလျှောက်လာရင်း အရောင်စုံရွှေရောင်များရောနှောပါဝင်​နေသည့် မုန့်​လေးများကိုသတိပြုမိပြီး အလွန်စားချင်စရာကောင်းနေပုံရသည်။ သူမသည် ပေါ့ပါးစွာပင် တစ်ခုကိုယူလိုက်၍ ပါးစပ်ထဲထည့်ကာ

"အရသာက အ​တော်လတ်ဆတ်တာပဲ။ အဲဒါ ကိုဘာလို့ခေါ်တာများလဲ" ဆိုပြီး မသိမသာ ချီးကျူးလိုက်တယ်။

သခင်မကြီးက စကားတစ်ခွန်းမှမပြောဘဲ ပြုံးနေသဖြင့် အထိန်း​တော်လျိုက

"အန်းဖိန်မင်းသမီး၊ ဒါရွှေကိတ်မုန့်ကွက်ကီးတွေပါ။ ပထမသခင်မက အဲဒါတွေကို သူမရဲ့လက်နဲ့လုပ်ထားတာဖြစ်ပါတယ်။ ဒါ​လေး​တွေက လတ်ဆတ်ပြီး အရသာရှိတော့ ချိုချိုချဥ်ချဉ်လေးနဲ့စားမြိန်​စေပါတယ်။ သခင်မကြီးက ဒါ​လေး​တွေကို စားရတာ နှစ်ခြိုက်လှပါတယ်”

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now