71.1.အသက်တစ်​ချောင်းကိုကယ်တင်

4.4K 606 26
                                    

ထိုစကားတွေကိုပြောခဲ့တဲ့သူက ကောင်​လေးတစ်ယောက်ပင်။ ချော​မောခန့်ညားတဲ့သတ္တမမင်းသားသည် ပန်းချီကားတစ်ချပ်ထဲကရုပ်လွှာလို​မော်ကြွားပြီး သူ့အရည်အချင်း​တွေကိုသရုပ်ပြချိန်မှာထူး​ခြား​​ပြောင်​မြောက်သည်ဟုဆိုနိုင်လျှင် ဒီကောင်​လေးက​တော့သိသိသာသာဆန့်ကျင်ဘက်ဖြစ်ကာ ပြဒါးတစ်လမ်းသံတစ်လမ်းပင်ဖြစ်သည်။ (မင်တိကငယ်ရွယ်တာမို့ ဟိတ်ဟန်သိပ်မရှိဘူး​ပြောချင်တာပါ မ​​ချောဘူး​ပြောတာမဟုတ်ဘူး​နော်) အ​စောပိုင်းတုန်းက​တော့ သူ့​နေရာတွင်သာသူထိုင်​နေခဲ့ပြီး လူ​တွေအာရုံစိုက်ခံရ​အောင်ဘာမှမပြုမူခဲ့ဘူး။ သို့​ပေမယ့် သူကထိုစကား​ပြောလိုက်သည်နှင့်အခြားသူတွေကသူ့ကိုအာရုံမစိုက်ဘဲမနေနိုင်ဖြစ်သွားကြသည်။ သူကပြုံးမ​နေရင်တောင်မှခမ်းနား​သောပန်းချီကားတစ်ချပ်ထဲကလှပ​သောပုံရိပ်လိုဖြစ်နေပြီ။ အခုတော့ သူက သိသိသာသာပင်ပြုံးပြလိုက်သဖြင့်အခြားသူတွေကဤလောက၌ဤမျှကြီးကျယ်ခမ်းနားသောပန်းချီကားချပ်ပုံလွှာမျိုးကို​ရေးဆွဲနိုင်သောအနုပညာရှင်မရှိနိုင်ဟု အသိအမှတ်ပြုမိကြသည်။

သူဘယ်သူလဲဆိုသည်ကို အ​ဖြေရှာလိုက်ကြ​တော့ အမတ်ချုပ်ကြီးလီ၏တတိယအိမ်​တော်ခွဲမှသခင်​လေးဖြစ်သည်ကိုသိရှိသွားကြသည်။

လီမင်တိကပြုံးနေသည်။ သူ၏မျက်ဝန်းထဲတွင်ထင်ဟပ်နေသောအသိဥာဏ်သည် သူ့အသက်ရွယ်တ့င်ရှိသင့်သည်ထက်ကျော်လွန်ကာ မျက်ဝန်းများကရွှန်းရွှန်းစားစား အသက်ဝင်လျက်ပင်။

"အရှင်မင်းသမီး၊ မြှားကို အ​ဝေးဆုံး​နေရာထိ​ရောက်​အောင်ပစ်နိုင်တဲ့လူကသာလျှင် အနိုင်ရရှိသူဆိုတာ အမှန်ပါလား?"

ယန်သခင်မ​လေး၏နံဘေးမှ စွန်းသခင်မ​လေးကတီးတိုးစွာဖြင့်

"အဲ့တစ်​ယောက်က လီမိသားစုတတိယအိမ်​တော်ခွဲရဲ့သခင်​လေးဟုတ်တယ်မဟုတ်လား? သူကြည့်ရတာ​တော့ ရည်ရည်မွန်မွန်​လေးပဲ​နော်။ ယောကျာ်းပီသပြီးခန့်ညားမှုလည်းရှိတယ်"

"သူက လီမိသားစုရဲ့သွေးရင်းသားမဟုတ်ဘူးဆိုတာတို့ကြားမိတယ်။ ဒီလောက်ချောတဲ့ကောင်​လေးကဘယ်မိသားစုဆီကများ​မွေးဖွားလာပါလိမ့်"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now