53.လှည့်စားရုံသက်သက်သာ

3.7K 552 27
                                    

ထို့နောက် လီ​ရှောင်ရန်သည်ကျဥ်းထဲကျပ်ထဲ​ရောက်သွားခဲ့ပြီး သူသည် ၅ရက်လုံးလုံး တစ်ရက်မှမနားပဲအလုပ်​တွေပိ​နေရသည်။

မိုကျူးသည် အပြင်ဘက်မှ လက်ဖက်ရည်တစ်ခွက်ကိုယူလာပြီး လီ​ဝေ့ရန်၏မျက်နှာကို ဂရုတစိုက်ကြည့်လိုက်ရင်း

"မမ​လေး၊ ဒီ​နေ့ ပထမသခင်မက သခင်ကြီးဆီကိုသွားပြီး ဆုလာဘ်အတွက်သွား​ရောက်​မေးမြန်းခဲ့ပါတယ် ​နောက်​တော့...."

လီ​ဝေ့ရန်ကမျက်ခုံးပင့်တင်လိုက်ပြီး သူမကိုကြည့်လိုက်သည်။

မိုကျူး၏နှုတ်ခမ်းများအနည်းငယ်စောင်းသွားပြီး

"သခင်ကြီးက အရမ်းဒေါသထွက်သွားတာနဲ့ မတ်တပ်ထပြီး ပထမသခင်မကို ပြင်းပြင်းထန်ထန် ဆူပါ​လေ​ရောတဲ့လား။ ပထမသခင်မက သခင်ကြီးရဲ့စာကြည့်ခန်းက​နေ ထွက်လာ​တော့ သူမရဲ့မျက်လုံး​တွေက နီရဲ​နေတယ်လို့ ကျွန်မကြားခဲ့ရတယ် ”

ဤအရာအားလုံးသည် မျှော်လင့်ထားသည့်အတိုင်းပင်။ လီဝေ့ရန်သည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး

"​နောက်​တော့​ရော?"

မိုကျူးက ဆက်လက်၍

“သခင်ကြီးက ပထမသခင်​လေးကို ဖြေရှင်းချက်အချို့ရှာဖို့အမိန့်ပေးထားခဲ့ပါတယ်။ နောက်ဆုံး​တော့ သူဖြေရှင်းပြခဲ့တဲ့အဖြေအားလုံးကို သခင်ကြီးကပယ်ချလိုက်ပါတယ်။ ဒီအ​စေခံက မေးမြန်းရသ​လောက်က​တော့ ပထမသခင်​လေးက သူ့ရဲ့စိုးရိမ်သောကကြောင့် ရက်စက်ကြမ်းယုတ်သူဖြစ်သွားသလိုပဲ။ သူက မမ​လေးကို ချည်နှောင်ပြီးစစ်ဆေးမေးမြန်းသင့်တယ်လို့​တောင်​ပြောခဲ့​သေးတယ်။ သခင်ကြီးက ဆုချတဲ့အ​နေနဲ့ သခင်​လေးရဲ့မျက်နှာကိုရိုက်လိုက်ပြီး သူ့ကိုစာကြည့်ခန်းက​နေနှင်ထုတ်လိုက်တယ်တဲ့"

လီ​ရှောင်ရန်သည် ဘက်လိုက်တတ်သော အဖေဖြစ်သော်လည်း မတုံးအ​ပေ။ သူသာ ​ဝေ့ရန်အား ကြိုးတုပ်၍ စစ်ဆေးမေးမြန်းလျှင်၊ သူသည်ဖြေရှင်းချက်တစ်ခု​ကိုတောင် ရလိမ့်မည်မဟုတ်​ချေ။ ထို့ထက်ပိုလာမည်က၊ ဤလောက၌ လုံးဝလေလုံ​သောတံတိုင်းမရှိ​သော​ကြောင့် ဤအရာသည် ထိုအကြံအဥာဏ်ရရှိခဲ့သူက လီချန်းလဲ့မဟုတ်​ကြောင်းကို တစ်​လောကလုံးကို​ပြောပြလိုက်သလိုဖြစ်သွားလိမ့်မည်။ဒါက ရှင်ဘုရင်ကိုလှည့်စားမှုပင်"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now