54.ကြွယ်ဝမှုကိုရှာ​ဖွေ

3.6K 554 7
                                    

မွန်းလွဲပိုင်းတွင် လီ​ဝေ့ရန်သည် သခင်မကြီးနှင့်အတူ နန်းတော်သို့အခစားဝင်ခဲ့သည်။

ရက်အနည်းငယ် နှင်းများအဆက်မပြတ်ကျဆင်းထားသဖြင့် အလွန်အမင်းအေးခဲသည်။ ကျွီရှင်းကုန်ရင်ပြင်တွင် အပူမီးဖို၇ခု၈ခုထည့်ထားသော်လည်း အသုံးမ၀င်ပဲဝင်​ရောက်လာသောနက်ရှိုင်းသည့်အအေးဒဏ်ကို မတားဆီးနိုင်​ချေ။

သခင်မကြီးသည် ​ရွှေ​ရောင်တိမ်ပုံသဏ္ဍာန်နှင့် အနီရောင်သိုး​မွှေးထိုးထား​သော အ​ပေါ်ရုံကို ဝတ်ဆင်ထားသည်။ ရင်ဘတ်ပေါ်မှာ ​လေး​ထောင့်ကျ​သောအကွက်တွင် ပန်းထိုးခြယ်လှယ်ထားသော မန်ဒရင်ခြင်္သေ့မနှင့်အတူ လွှသွားပုံစံ ကျဥ်း​မြောင်းသည့် ​ကော်လံ​၏အနားကွပ်ပေါ်တွင် ရွှေပန်းငွေပန်းများနှင့် အလှဆင်ထားသဖြင့် ခြုံပုဝါထည်သည် တစ်လက်လက်​တောက်ပ​​နေသည်ပင်။

လီဝေ့ရန်သည် သူမ၏ခေါင်းကိုငုံ့၍ကြမ်းပြင်ပေါ်ရှိ ၃ပေပတ်လည် အဖြူရောင်ကျောက်စိမ်းအုတ်ပြားကိုသာငုံ့ကြည့်ရင်း သခင်မကြီးနှင့်အတူ ဒူးထောက်ကာ ဦးညွှတ်ခြင်းအ​လေ့အထများကိုပြုလုပ်ခဲ့သည်။

ထိုအချိန်တွင် ခန်းမ​ဆောင်သည် တိတ်ဆိတ်ခြင်းနှင့်ပြည့်နေသဖြင့် အင်္ကျီနှင့်စကတ်ကြားပွတ်တိုက်သံကြောင့် ဖြစ်ပေါ်နေသော "ရွီ"ဟူ​သော အသံကိုပင်ကြား​နေရသည်။

"လီ​ဝေ့ရန်က ဘယ်သူများလဲကွယ့်"

ဂုဏ်သိက္ခာရှိ​သောမျက်နှာနဲ့ နှစ်လိုဖွယ်အကြည့်တို့ဖြင့် မယ်​တော်ကြီးကဖြည်းဖြည်းချင်းမေးလိုက်တယ်။

လီဝေ့ရန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ရှေ့သို့လှမ်းကာ ​ခြေတစ်ဖက်ဒူးညွှတ်၍ အရိုအ​သေပြုလိုက်ရင်း

"မယ်​​တော်ကြီး၊ ကျန်းမာသောခန္ဓါနှင့် ​ပျော်ရွှင်မှုတစ်​ပွေ့တစ်ပိုက်ကို နှစ်​ပေါင်း​ထောင်ချီရပါ​စေ​ကြောင်း ​ဆုမွန်​ကောင်း​တောင်းအပ်ပါတယ်"

မယ်​တော်ကြီး၏မျက်လုံးများကသူမဆီသို့​ရောက်လာပြီး ပြုံးပြလိုက်ကာ

"ငါမြင်နိုင်​အောင် မင်းရဲ့ခေါင်းကို​မော့လိုက်ပါဦးကွယ်"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now