22.မီးထဲကိုဆီ​ထပ်ထည့်

3.8K 493 2
                                    

လီချန်းရှီ၏ခြံဝင်းထဲသို့ ၀င်လိုက်သည်နှင့်အလွန်မွှေးကြိုင်သောရနံ့တစ်ခုက သင်းပျံ့လာသည်။ လီ​ဝေ့ရန်က အသာ​လေး​နောက်ပြန်ဆုတ်လိုက်မိတယ်။ သူမက တံခါးဝမှာခဏရပ်ပြီးဆက်မသွားခင် လေးနက်စွာစဉ်းစား​နေသည်။

ဧည့်ခန်း​​ဆောင်တွင် စတုတ္တ​ကိုယ်လုပ်​တော်ဖြစ်သူကျောက်ရှီသည် အဆင့်အတန်းအနိမ့်ဆုံး ထိုင်ရမည့်ထိုင်ခုံတွင်မထိုင်မီပြုံးလျက် ဧည့်သည်ကိုမတ်တပ်ထပြီးကြိုဆိုလိုက်သည်။ သူမရဲ့မကျေနပ်မှုကို​​တော့ ဘယ်သူမှမမြင်နိုင်ဘူး​ပေါ့။ တစ်ချိန်တည်းတွင် လီချန်း​ရှောင်၏ မျက်နှာ၌ပြောမပြနိုင်သောစိုးရိမ်မှုတစ်ခုရှိနေသော်လည်း သူမဘာမှမပြောဘဲဘေးတွင်သာ တိတ်တဆိတ်ရပ်နေသည်။

(T/N: လီ​ဝေ့ရန်က ကိုယ်လုပ်​တော်သမီးဖြစ်ပြီး လီချန်းရှောင်က စတုတ္တကိုယ်လုပ်​တော်ရဲ့သမီးဖြစ်​ပေမယ့် အဆင့်အတန်းအရ ကိုယ်လုပ်​တော်က​နေရာက တအားနိမ့်လို့ အနိမ့်ဆုံး​​နေရာမှာ ထိုင်ရတာပါ)

“ဒီနေ့ တတိယသခင်မ​လေး လာတာ​နောက်ကျသွားတာပဲ။ ပဉ္စမသခင်မ​လေးက အခု​လေးတင်အိပ်ပျော်သွားပြီ"

​ကျောက်ရှီက ပြုံးပြီးပြောသည်။ သူမသည် နွေ ဦး​ရေကန်နှင့်တူသော ဗာဒံသီးပုံစံမျက်လုံးများရှိသည်။ သူမသည်မွေးမိခင်ရင်းဖြစ်သော်လည်းအခြားလူများရှေ့တွင်မူ ​သခင်မ​လေးများအား နာမည်အပြည့်အစုံဖြင့် ခေါ်ဆိုရန်အခွင့်အရေးမရှိပေ။

ခု​လေးတင် အိပ်​ပျော်သွားတယ်​ပေါ့​​လေ? လီဝေ့ရန်ကပြုံးလိုက်ပြီး

“ရပါတယ်​လေ။ တို့က ပဉ္စမညီမ​လေးကိုကြည့်ဖို့ ဒီ​​ကိုရောက်​နေတာပဲ။ ဒါကိုထည့်တွက်ရင်​တောင် လုံ​လောက်​နေပါပြီ” 

သူမ၏မျက်ဝန်းများသည် ​ကျောက်ရှီကိုငြင်ငြင်သာသာလေ့လာ​နေသည်။ ​ကျောက်ရှီသည်ပျားရည်ရောင်ပိုးဝတ်စုံ ၀တ်ဆင်ထားသည်။  ဝတ်စုံ၏အောက်ခြေတွင်ကြာပန်းနှစ်ပွင့်နှင့်ချယ်လှယ်ထားသည်။ သူမသည်သမီးနှစ်ယောက်ကို မွေးဖွားပေးခဲ့​သော မိန်းမတစ်ယောက်နှင့်​တောင်မတူပေ။ လီ​ရှောင်ရန်က သူမကိုချစ်မြတ်နိုးတာမဆန်းကြယ်ပါဘူး။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now