111.1.ကြည်လင်​သော​ကောင်းကင်​ပေါ်ရှိ မိုးကြိုးလျှပ်စီးများ

2.7K 427 39
                                    

ထိုအခိုက်အတန့်တွင် အဝါရောင်စာရွက်တစ်ရွက်သည် ကောင်းကင်ပေါ်မှ လွင့်ပျံလာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ မိန်းမစိုးက ချက်ချင်းသွားကောက်လိုက်ပြီး

“အရှင်မင်းကြီး၊ ကြည့်ရှုတော်မူပါ” လို့လျှောက်တင်လာ၏။

ပွဲကြည့်စင်ပေါ်မှ ယင်းထိုက်ကျိုးက ကျယ်​လောင်စွာဖြင့်

"ဒီပုဂ္ဂိုလ်က လှပပြီး ဉာဏ်ပညာရှိတယ်ဆိုပေမယ့် ကောင်းကင်ဘုံက ပိုသိပါတယ်။ ဒီလူသာဆက်အသက်ရှင်နေမယ်ဆိုရင် အရှင်မင်းမြတ်ရဲ့ထီးနန်းမလုံခြုံတော့မှာကို ကျုပ်စိုးကြောက်မိတယ်”

ဒီအချိန်မှာ ကောင်းကင်မှတိမ်တွေက မှောင်စပြုလာပြီး အရှိန်နဲ့တဟုန်ထိုး ရွေ့လျားလာတော့တယ်။ ထို့အပြင် အလင်းတန်းများက ကောင်းကင်တစ်ခုလုံး လင်းထိန်သွားကာ လျှပ်စီးကြောင်းများကဖြာခနဲ ထွက်ပေါ်လာသည်။ လျှပ်စီးကြောင်းများက ဦးတည်ရာလမ်းကြောင်းများစွာကို ဖြတ်သန်းသွားသည်။  အချိန်အတော်ကြာပြီးနောက် တိမ်များသည် ကောင်းကင်ယံ၌ တစ်ဟုန်ထိုးပျံဝဲနေပုံရသည်။ ရုတ်တရက်ဆိုသလို ကျယ်လောင်သောမိုးခြိမ်းသံတစ်ခုထွက်ပေါ်လာပြီး၊ ထွက်ပေါ်လာသော လျှပ်စီးကြောင်းကြီးသည် ကောင်းကင်ကို နှစ်ခြမ်းခွဲသွားသလိုပင်။

အံ့ဩစရာကောင်းသည်မှာ၊ မိုးကြိုးလျှပ်စီးကြောင်းသည် ယင်းထိုက်ကျိုး၏ဦးခေါင်းပေါ်သို့ အမှန်တကယ်ကြီးသက်ဆင်းကျရောက်သွားခြင်းပင်။ အစကတော့ သူသည် စကား​ပြောကာ ပြုံးနေရင်း ဘဝင်ခိုက်​နေ​သေးသည်။ သူ့ခေါင်းကို မိုးကြိုးပစ်ချလိုက်​သောအခါ သွေးရဲသံရဲ အော်ဟစ်ပြီး ၄မီတာမြင့်သော စင်ပေါ်မှ လှိမ့်ဆင်းလာသည်။

“ဖတ်!” ဟူ​သော ကျယ်လောင်သည့် အသံသည် မြေပြင်ပေါ်သို့ သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသောအသံဖြစ်သည်။ သူ့အရိုးတွေက ကွဲအက်ပြီး ဝက်သေတစ်ကောင်လို လှဲ​လျောင်း​နေတယ်။ မကြာခင်မှာပဲ သူ့ပတ်ဝန်းကျင်မှာ သွေးအိုင်တွေ ထူပစ်စွာစီးကျလာတော့သည်။ ဤမြင်ကွင်းကြောင့် စင်မြင့်ပေါ်၌ရပ်နေသော နန်းတွင်းသူများအား စူးစူးဝါးဝါး အော်သံများ ထွက်ပေါ်စေခဲ့ရသည်။ ထိုအော်သံသည် လေထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး​နောက် လူတိုင်းကို သူတို့၏ထိတ်လန့်တုန်လှုပ်ချောက်ချားမှုမှ လွတ်မြောက်အသိဝင်​စေရ​တော့သည်။  ဧကရာဇ်ပင်လျှင် သူ့မျက်လုံးများကို မယုံကြည်နိုင်ချေ။ သူပစားပေးခြင်းခံရ​သော ပ​ရောဟိတ်ရ​သေ့ကြီးက မိုးကြိုးပစ်ခံလိုက်ရတယ်။ ထိုမြင်ကွင်းကို အံ့သြရလွန်းလို့ အဝါရောင်စာရွက်ပေါ်မှာဆွဲထားတဲ့လူကို အနီးကပ်ကြည့်ဖို့ မေ့သွားတော့သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now