65.3.အကြံအစည်ထဲကအကြံအစည်

3.4K 515 10
                                    

လီဝေ့ရန်က ပိုင်ကျီကိုအချက်ပြသဖြင့် ပိုင်ကျီက ဘေးနားရှိသေတ္တာသေးသေးလေးကို ယူ​​ဆောင်လာသည်။ ပိုင်ကျီသည် သေတ္တာကို ဟုန်လျို၏လက်ထဲသို့ထည့်လိုက်သည်။ သေတ္တာထဲတွင် ငွေတုံး၅၀၀အ​လေးချိန်ပါရှိသဖြင့် ဟုန်လျိုသည် ရုတ်တရက်အံ့သြသွားသည်။

လီဝေ့ရန်က

“မင်းရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ဒီ​ငွေတုံးတွေက မလုံလောက်သေးဘူးဆိုရင် မင်းငါ့ကိုအချိန်မ​ရွေးလာပြောနိုင်တယ်”

ဟုန်လျိုက သေတ္တာကိုဆုပ်ကိုင်ထားရင်း သူမ၏လက်များက ရုတ်တရက်တုန်ယင်လာပြီးမျက်ရည်များစတင်ကျဆင်းလာတော့သည်။  သူမကမျက်ရည်တွေကိုသုတ်လိုက်ပြီး

“တတိယသခင်မ​လေး၊ ဒီအ​စေခံက​သေ​လောက်တဲ့အပြစ်ကျူးလွန်မိပါတယ်။ ဒါ​ပေမယ့် ဒီအ​စေခံမှာ ရွေးချယ်စရာမရှိခဲ့ရပါဘူး။  လွန်ခဲ့တဲ့၃နှစ်က ဒီအ​စေခံရဲ့အမေနေမကောင်းဖြစ်​တော့ အဖေလည်းမတတ်သာပဲ သမား​တော်ဆီသွားပြဖို့ စာရင်းစာအုပ်တွေဆီက​​နေ ငွေသား၁၀၀ကိုခိုးယူခဲ့ရပါတယ်။ နောက်တော့ ပထမသခင်မက သက်သေခံအထောက်အထားတွေကို လက်ဆုပ်လက်ကိုင်ထားပြီး အ​ဖေ့ကိုအရာရှိများထံပို့လိုက်မယ်လို့ဟုပြောခဲ့ပါတယ်။ အဖေကအသက်ကြီးနေပြီး​တော့ သူ့မှာကခြေထောက်မ​ကောင်း​တော့၊ ​​ဒီအ​စေခံလည်း ချောင်ပိတ်မိပြီး ဒီလိုအပြုအမူ​တွေကိုကျူးလွန်ဖို့ ဖြစ်လာရပါတယ်”

ဤအရာသည် လီဝေ့ရန်ခန့်မှန်းခဲ့သောအရာနှင့်လုံးဝထပ်တူကျသည်ပင်။ သူမကသက်ပြင်းချလိုက်ကာ

"ဟုန်လျို၊ ငါက မင်းကို အခက်အခဲမဖြစ်​စေချင်ပါဘူး။ ဒီသေတ္တာကိုမင်းနဲ့အတူယူသွားလိုက်။ ဒီနေရာက​နေ မင်းအဖေနဲ့တူတူထွက်သွားပြီး ပထမသခင်မက မင်းတို့ကို ရှာမ​တွေ့​အောင်​နေလိုက်"

ပိုငိကျီသည် ရုတ်တရက်မျက်မှောင်ကြုတ်လိုက်ပြီး

"မမ​လေး၊ မမ​လေးက သူမကို ဘယ်လိုလုပ် ဒီလို ခွင့်ပြုနိုင်ရတာလဲ။ ဒါကကျားကို သူ့ဂူ​ပေးပြန်လိုက်​စေသလိုပဲ မဟုတ်လား"

(ကျားကိုဂူဆီပြန်လွှတ်လိုက်ရင် အနာဂတ်မှာ အန္တရာယ်များလာနိုင်တယ်လို့ဆိုလိုတာပါ)

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now