87.1.မနာလိုသဝန်တို

3.9K 534 68
                                    

ဒါကိုကြားတော့ ဝေ့​ကောင်းသခင်မရဲ့မျက်လုံးတွေက စိတ်ရှုပ်ထွေးမှုစွာပြူးကျယ်လာပြီး

“မမကြီး၊ ဒီလိုမ​ကောင်းတဲ့ တာအိုနတ်ဆရာတွေကို ဘယ်လိုလုပ်ယုံနိုင်ရတာလဲ?"

ပထမသခင်မက ဒေါသတကြီးခွန်းတုံ့ပြန်သည်က

"ဘာကို မ​ကောင်းတဲ့တာအိုနတ်ဆရာ​တွေတဲ့လဲ! နင်က လူကြီးမင်းကို ရိုသေမှုမရှိဘူးပဲ။ သူငါ့ကို ကယ်တင်ဖို့ လာခဲ့တာလေ။ ငါ့ရင်ဘတ်ကကခုဆိုနာမ​နေတော့ဘူး။ ငါ့ခေါင်းလည်း မကိုက်တော့ဘူး။ နတ်ဘုရားတွေရဲ့ ကောင်းချီးပေးမှု​တွေပဲ။ သူသာ မ​ကောင်းဆိုးဝါး​တွေကိုမဖယ်ရှား​ပေးဘူးဆိုရင် ငါ့ရဲ့နောက်ဆုံးထွက်သက်ကိုတောင်​ရောက်​နေ​လောက်ပြီ!"

ဝေ့​ကောင်းသခင်မက မယုံကြည်နိုင်ဘဲ

"အစ်မကြီး၊ အစ်မဘာဖြစ်နေတာလဲ? အစ်မဘာလို့ ဒီလိုမျိုး အ​ခြေအမြစ်မရှိတာ​တွေပြောနေရတာလဲ!"

"နင်ကသာ အ​ခြေအမြစ်မရှိတဲ့စကားတွေကို​ပြော​နေတာ​လေ!"

ပထမသခင်မသည် စိတ်လှုပ်ရှားတုန်ယင်စွာဖြင့် ဘေးပတ်လည်ကိုလှည့်ပတ်ကြည့်ရှုပြီး

"လူကြီးမင်းကို အ​သေ​ရေမဖျက်စမ်းပါနဲ့။ သူထွက်သွားလို့ ဟိုမိန်းမတ​စ္ဆေရောက်လာရင် ငါဘာလုပ်ရမလဲ!"

ဝေ့​ကောင်းသခင်မသည် ဘာ​ပြောရမှန်းမသိဖြစ်ကာ

"အစ်မကြီး၊ မိန်းမတ​စ္ဆေဆိုတာမရှိပါဘူး။ အဲဒီလူတွေက လူလိမ်တွေချည်းပဲ။ စောစောကတောင်သူက ကျွန်မကို မိန်းမတ​စ္ဆေလို့ ပြောပြီး ကျွန်မရဲ့မျက်နှာကို ခွေးသွေးတွေနဲ့ ပက်ပစ်လိုက်တယ်။ ဒါကိုကြည့်ပါလား"

"လူလိမ်တွေတဲ့လား?"

အံ့အားသင့်သွားသော ပထမသခင်မသည်တုန်တုန်ယင်ယင်ဖြင့်

"ဒါဆို ပဉ္စမကိုယ်လုပ်​တော်က ခြံဝင်းထဲမှာရှိသေးတာလား?! ငါကသူမကို သုတ်သင်ပစ်ဖို့တာအိုနတ်ဆရာကို ဖိတ်ခေါ်လိုက်တာ​ကြောင့် အဲ့မိန်းမတ​စ္ဆေက ငါ့ကိုပိုစိတ်ဆိုးတော့မှာလား? သူမကငါ့ကို ကလဲ့စားချေဖို့ မကောင်းတဲ့အစီအစဥ်တွေကို အမြဲမပြတ်လုပ်​နေမှာငါ​ကြောက်တယ်။ အခု ဘာလုပ်ရမလဲ? အခု ဘာလုပ်မှာလဲ?”

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now