123.2.ပြဇာတ်၏ရည်ရွယ်ချက်

2.4K 371 12
                                    

လီချန်းလဲ့က သူမရဲ့ခေါင်းကို ပွေ့ဖက်ထားသော​ကြောင် ဝံပုလွေခွေးက သွေး​တွေ​ပေ​ရေ​နေတဲ့ပါးစပ်ကိုဟကာ သူမရဲ့ ပုခုံးကို ကိုက်ပြီး ပြင်းထန်စွာဆုတ်ဖြဲလိုက်သဖြင့် သူမက မဝေးလှတဲ့ အိမ်ရှေ့စံရဲ့ ခြေထောက်ကို လှမ်းဆွဲဖို့ ကြိုးစားတော့တယ်။ အိမ်ရှေ့စံသည် အလွန်ထိတ်လန့်နေသဖြင့် အမူအကျင့်ကိုတောင်ဂရုမစိုက်နိုင်ဘဲ အတူတူအကိုက်ခံရမည်ကို စိုးရိမ်၍ သူမအား ခြေထောက်တစ်ချောင်းဖြင့်ကန်ထုတ်လိုက်သည်။ လီချန်းလဲ့၏တစ်ကိုယ်လုံးက မြေပြင်ပေါ်တွင် လူးလိမ့်နေရ​တော့သည်။

ကျောင်းဟွာသည် အခြေအနေမ​ကောင်းလာသည်ကိုမြင်သောအခါ ခွေးကိုသတ်ရန် သူ၏ဓားရှည်ကို ချက်ချင်းဆွဲထုတ်လိုက်သည်။ လျောင်ချန်ချင်းက

"ကျုပ်ခွေးကို မထိနဲ့!"ဟု​အော်သည်။

ကျောင်းဟွာက သူ့ကို လျစ်လျူရှုရင်း ခွေးကိုသတ်ဖို့ ဓားရှည်ကိုကိုင်ထားသဖြင့် လျောင်ချန်ချင်းက ခွေးလေးကို ရိုးသားစွာချစ်ခင်တာကြောင့် ကျောင်းဟွာရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်တယ်။ ကျောင်းဟွာက

"ဒီခွေးဆိုးခွေးညစ်က လူတွေကို နှိပ်စက်နေတာ။ လွှတ်ဗျာ!" 

ဒါပေမယ့် လျောင်ချန်ချင်းက "သူ့ကို ဘယ်သူထိဝံ့လဲ!"ဟု​အော်ဟစ်​တော့သည်။

ထိုအချိန်တွင် ခွေးလေ့ကျင့်ပေးသူက နောက်ဆုံးတွင် ဝံပုလွေခွေးကို ဖမ်းမိသွားသဖြင့် ကျောင်းဟွမ်က

"တော်​တော့!"ဟု​အော်ရ​တော့သည်။

လူအားလုံးက သူတို့ရှေ့ကမြင်ကွင်းကို မြင်လိုက်ရတော့ အသက်ရှုအောင့်သွားမိတယ်။

လီချန်းလဲ့သည် သွေးတွေစွန်းပေ​​နေသောလူဖြစ်လာသည်။ သူမ၏နဖူးပေါ်ရှိ အရေပြားလွှာကြီးတစ်ခုလုံးက ပျောက်ကွယ်သွားသည်။ သူမရဲ့ ပခုံးနဲ့ လည်ပင်းတွေမှာ သွေးတွေ အဆက်မပြတ်ထွက်နေတယ်။ သူမ၏လက်များတွင် မရေမတွက်နိုင်သော မြေပဲပုံသဏ္ဍာန် သွားရာများ ရှိနေပြီး သူမ၏ခန္ဓာကိုယ်အနှံ့ပေါ်တွင် ခြေသည်းကုတ်ရာများ အများအပြားရှိနေသော်လည်း ဒါက လူတိုင်း သူမကိုကြည့်နေကြသည့် အကြောင်းရင်းမဟုတ်ပေ။  အကြောင်းရင်းအမှန်မှာ လီချန်းလဲ့၏ မျက်နှာကို ခွေးကိုက်ခံရပုံအား သူတို့ကသေချာမမြင်ခဲ့ရသော်လည်း သူမ၏ မျက်နှာ​ပေါ်တွင် အက်ကွဲကြောင်းရာများစွာ ပေါ်လာခြင်းကြောင့်ဖြစ်သည်။ လူ့အရေပြား အပိုင်းအစများကတစ်စပြီးတစ်စ ကြွေကျလာကာ ပါးလွှာသော အလှတရားရှိသည့်အသားအရည်က တဖြေးဖြေး ကွဲအက်လာသည်ကို မြင်လိုက်ရပြီး မယုံနိုင်လောက်အောင်ဖြစ်သွားကာ သူမ၏မျက်နှာအစစ်မှန်သည် သူမ၏ အရေပြားကအနာတွေနှင့် ခရမ်းရောင်ဖြစ်နေပြီး အပေါ်စီးက​နေပြည်အဖုတွေ​ပေါက်၍ အဆက်မပြတ် စီးဆင်းကျနေသဖြင့် အလွန်စက်ဆုပ်ဖွယ်ကောင်းလှသည်။ ဤသည်မှာ လောကကြီးပေါ်တွင် ရွံမုန်းစရာအ​ကောင်းဆုံးနှင့် ကြောက်စရာအကောင်းဆုံးသောမြင်ကွင်းဖြစ်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now