124.2.အကြိမ်၁​ထောင်အပိုင်းပိုင်းပြတ်​သေဆုံးရ

2.4K 355 7
                                    

ကျောင်းထျန်၏မျက်ရည်စများနှင့် နှာရည်များက လိမ့်ဆင်းလာကာ

"အဲ့ဒီကြောက်စရာကောင်းတဲ့ ကောင်မ​လေး၊ သူမ ... သူမက သူမရဲ့လူတွေကို ဓားတိုကို အသုံးပြုစေပြီး ကျွန်​တော့်ဆေးအကူကောင်လေးရဲ့ခေါင်း​ပေါ် ကို လေးလက်မ​လောက်ရှည်အောင်ဆွဲဖွင့်ပြီး ပြဒါးရည်​တွေကို လောင်းချပြတယ်။  အဖြူ​ရောင်​အသားစ​ကြီး​တွေက စင်ထွက်လာ​တော့ ​ကြောက်​စရာကြီး.... တကယ်​ကို ​ကြောက်​စရာ​ကောင်းလွန်းတယ်​!"

အခန်းထဲရှိလူတိုင်းက တုန်လှုပ်သွားကြသည်။ ပြဒါးသည် သွေးထက်အဆပေါင်းများစွာ ပိုပျစ်နှစ်သည်။ ဒါက အ​သွေးနှင့်အသားကို ခွဲပစ်နိုင်သည်။ ပြင်းထန်သော ဝေဒနာတွင် အသားသည် ဓါးဒဏ်ရာက​နေတစ်ဆင့် ရှေ့သို့ တဟုန်ထိုးထွက်မည်ဖြစ်သည်။ ဒီလိုညှင်းပန်းနှိပ်စက်နည်းမျိုးကို မကြားဖူးခဲ့ဘူး။ ကြားရတာနဲ့တင် အေးစက်ပြီး ချွေးစေးတွေထွက်ချင်​နေပြီ။ တကယ်ကို ကြောက်စရာကောင်းတာပဲ။ ကျောင်းဟွာက

"ဒါကို မင်းမျက်စိနဲ့ မြင်ခဲ့တာလား?"

ကျောင်းထျန်က အံ့အားသင့်သွားပြီး ချက်ချင်းပြောသည်မှာ

"ကျွန်​တော် ... ကျွန်​တော် သူတို့ ဆေးအကူကောင်လေးကို ဆွဲထုတ်သွားတာကို​မြင်လိုက်ရတယ်။ သူတို့က သူ့ကို ပြဒါးရည်လောင်းထည့်မယ်လို့ ပြောတာလည်းကြားတယ်။ ခဏကြာတော့ အော်သံတွေ ကြားလိုက်ရတယ်။ နောက်တော့ သူတို့က ဖြူဖွေးနေတဲ့ အသားတွေကိုလာပြတယ်။ သေချာကြည့်ရမှာ​တောင် ကျွန်​တော်ကြောက်လွန်းလို့..…"

ကျောင်းဟွာက နှာ​ခေါင်းရှုံ့ပြီး "ဒါက လှည့်စားတဲ့ လှည့်ကွက်တစ်ခုပဲလေ။ တကယ်ဆို တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်ရင် မင်းရှေ့မှာ ဘာလို့ မလုပ်ခဲ့မှာလဲ? အဲဒါက ပိုပြီး အံ့မခန်းဖြစ်မှာ မဟုတ်ဘူးလား? သူတို့က မင်းကို ခြိမ်းခြောက်နေတယ်ဆိုတာ ရှင်းနေတာပဲ! သတ္တိမရှိတဲ့​ကောင်!"

ခြိမ်းခြောက်တယ်တဲ့လား? ဒီခြိမ်းခြောက်ခြင်းသည်ပင် လောကကြီးပေါ်တွင် အရက်စက်ဆုံးခြိမ်းခြောက်မှုလည်းဖြစ်သည်။ ကျောင်းထျန်သည် အနည်းငယ် တုန်လှုပ်သွားသော်လည်း ကျောင်းဟွာသည် တည်ငြိမ်နေသေးသည်ကို သတိပြုမိသည်။ သို့သော် သူ့မျက်ခုံးများကြားရှိ မှဲ့နီသည် ပို၍ ကွက်ကွက်ကွင်းကွင်းထင်လာသည်။ ကျောင်းထျန်က အားပါပါပြုံးပြလိုက်ပြီး

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now