65.1.အကြံအစည်ထဲကအကြံအစည်

3.5K 468 12
                                    

နောက်တစ်နေ့နံနက်တွင် လီချန်းလဲ့သည် ပထမသခင်မအား ဂါရဝပြုရန်သွားခဲ့သည်။ သူမ၏ ရွှင်ပြနေသောအမူရာကိုမြင်လျှင် ချန်းလဲ့က ရုတ်တရက်ပျော်မြူးသွားပြီး

"မေမေ၊ ဘာသတင်းကောင်းများရှိလို့လဲ"

ပထမသခင်မကပြုံးပြပြီး လီချန်းလဲ့ရဲ့လှပပြီးဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတွေကိုကြည့်လိုက်ရင်း

"ဟုတ်တယ်၊ အ​မေအရာအားလုံးကိုစီစဉ်ပြီးပြီ။ စိတ်ချပြီးသာ​နေလိုက်​တော့ "

လီချန်းလဲ့၏မျက်နှာသည် ကြည်နူးရိပ်သန်းလာပြီး သူမ​မျှော်လင့်ထားသလို အမေက ခွေးမလီဝေ့ရန်ကိုဖယ်ရှားပစ်ချင်နေသည်ပင်။ သူမကပြုံးရင်းပြောသည်မှာ

"အမေ၊ လီဝေ့ရန်ကိုအနီးကပ်စောင့်ကြည့်ဖို့လူအနည်းငယ်ကိုသမီးစီစဉ်ထားပြီးပြီ"

"မလိုဘူး၊ ငါတို့တွေက မြက်ခင်းပြင်ကိုလန့်ပြီးမြွေကိုကြောက်အောင်မလုပ်နိုင်ဘူး။ (အလျင်စလိုလုပ်ပြီး ရန်သူကိုသတိပြုမိ​အောင်မလုပ်သင့်လို့ဆိုလိုတာပါ) ဒီကောင်မ​လေးကအမြဲတမ်းသတိရှိနေတာ။ ​​လူနည်းလေပိုကောင်းလေဆိုတာကို မင်းသိဖို့လိုတယ်"

"ဒါပေမယ့်....."

လီချန်းလဲ့က လီဝေ့ရန်ကို သူမလက်နဲ့ပဲကိုယ်တိုင်အပြစ်ပေးချင်နေသည်ပင်။

ပထမသခင်မက တည်ငြိမ်စွာဖြင့်

"အ​မေဘာလုပ်မလဲဆိုတာပဲစောင့်ကြည့်စမ်းပါ"

သူမသည် လီချန်းလဲ့ကို သူမရဲ့အစီအစဉ်တစ်ခုလုံးကိုပြောပြဖို့ အစီအစဥ်မရှိပေ။ အတိတ်တုန်းက​တော့ သူမသည် သူမ၏လက်ကိုသွေးအစွန်းမခံချင်ပေမယ့် ယခုတော့ သူမကအာရုံမများချင်​သော​ကြောင့်ဖြစ်သည်။

"မင်း ဦးစားပေးရမှာဆိုလို့ ဘယ်လိုပုံမျိုးနဲ့ဆို အိမ်ရှေ့စံဖြစ်ဖြစ် သတ္တမမြောက်မင်းသားဖြစ်ဖြစ် မင်းကိုနှစ်ခြိုက်လာ​အောင်လုပ်ဖို့ပဲ"

လီချန်းလဲ့ကမျက်မှောင်ကြုတ်မိပြီး

"အ​မေက အိမ်​​ရှေ့စံအကြောင်း အမြဲပြောတယ်ဆို​ပေမယ့် အစ်ကိုကြီးက သူ့ကိုအရူးတစ်ယောက်လို့ပဲခေါ်တာ။ ပြီး​တော့ ဒီသတ္တမမင်းသားက သမီးနဲ့အသက်တူတူပဲဆို။ သူကဧကရာဇ်ရဲ့မျက်နှာသာပေးခံရတာကိုပဲ အားကိုးအားထား​နေရတာ။ အစ်ကိုကြီးပြောတာ​တော့ တတိယမင်းသားက အခြားမင်းသားတွေနှင့်မတူဘူးတဲ့။ သူ့ရဲ့အပြုအမူ​တွေကိုက တော်ဝင်မြင့်မြတ်တဲ့လူကြီးလူ​ကောင်းအတိုင်းပဲတဲ့"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now