83.2.​တော်ဝင်မင်းမျိုးမင်းနွယ်

3.5K 564 45
                                    

​ထော့ပါယုသည် သူမ၏မျက်ဝန်းများကို စူးစူးစိုက်စိုက် ကြည့်ကာ

"မင်းလိုမိန်းကလေးတစ်​ယောက်က ကိုယ့်ထက် ပိုဆုံးဖြတ်ချက်ပြတ်သားမယ်လို့မထင်မိဘူး"

လီ​ဝေ့ရန်က သူ့အပေါ် ခံစားချက်တွေ ရှိတာဖြစ်နိုင်တာ​ကြောင့် သူ့ကိုကူညီပေးဖို့ဆန္ဒရှိ​နေတာလားဟု ​​ထော့ပါယုအတွက်ထင်စရာဖြစ်လာသည်။ မိုးမခသစ်ရွက်တွေကရေမျက်နှာပြင်​ပေါ်ကိုပွတ်တိုက်သွားသလိုမျိုး သူ့နှလုံးသားတွင်းမှတစ်ခုခုကလှုပ်လှုပ်ရွရွဖြစ်လာ​လေသည်။ သူ၏ မသိစိတ်က သူမ၏လက်​လေးကိုကိုင်ချင်လာမိသည်။

လီဝေ့ရန်သည် ရုတ်တရက်ခြေ၂လှမ်းဆုတ်ကာ သူ့လက်ကိုရှောင်လိုက်သည်။

​​​ထော့ပါယုသည်အံ့ဩသွားပြီး သူမ၏တုံ့ပြန်မှုကိုနားမလည်နိုင်ဖြစ်​​နေသည်။

လီ​ဝေ့ရန်က သူမကိုယ်သူမ နားလည်စွာဖြင့်သူမ၏မျက်ဝန်းအကြည့်​တွေက ပုံမှန်ပြန်ဖြစ်သွားပြီး သူမရဲ့အမူရာတွေကနူးညံ့သိမ်မွေ့စွာဖြင့်

"သတ္တမအရှင်မင်းသား။ တို့က မင်းသားကို ကူညီနေတယ်ဆိုပင်မယ့် တို့​တွေကြားထဲမှာ ချစ်ခြင်း​​မေတ္တာလိုမျိုးအရာ​တွေရှိလာမှာမဟုတ်ဘူးဆိုတာ မင်းသားနားလည်မယ်လို့ မျှော်လင့်ပါတယ် "

​ထော့ပါယုသည် လုံးဝကိုဆွံ့အသွားမိပြီး စိတ်တွင်းမှ စိတ်ကူးယဥ်ထား​သောအ​တွေးများသည် သဲလွန်စမရှိ​လောက်​အောင် ပူဖောင်းသဖွယ်ပျောက်ကွယ်သွားသည်။ သူ၏အေးစက်သောအမူရာများကြားမှ သူ၏အံ့ဩမှုမှာ ရှင်းလင်း​​နေသည်ပင်။

အလှဆင်ထားသော တောင်တန်းနောက်ကွယ်တွင် လီမင်တိသည်ပြုံးလိုက်မိသည်။

တတိယမမသည် ​ထော့ပါယုကိုထိုပုံစံအတိုင်းမမြင်နိုင်မှန်းကိုသူသိသားပဲ။ ခိုးနားထောင်ရန်အတွက် မင်းသမီး​လေးအား ချန်ထားခဲ့မိသည်မှာမိုက်မဲမိတာပဲဟု သတိပြုမိ​သောအခါသာ​ခေါင်းငုံ့ရင်း မဲ့ပြုံးပြုံးလိုက်မိသည်။ သူ့မျက်တောင်မှေးစဥ်း​နေပုံက သူ့ခံစားချက်များကို ဖုံးကွယ်ထားပုံရပြီး နုပျိုသောမျက်ခုံးမွှေးများက သူ့မျက်နှာကိုနွေး​ထွေး​စေကာ ဝမ်းနည်းမှုနှင့်စိတ်ပျက်အားငယ်မှုက မကြာခင်တွင်ပင်အငွေ့ပျံသွား​တော့သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now