29.မိုး​ရေထဲမှ ဖိတ်ကြားစာလွှာ

3.7K 495 2
                                    

လီချန်းရှီ၏မျက်နှာပေါ်ရှိဒဏ်ရာသည် အမာရွတ်အဖြစ်သာကျန်​နေ​တော့သည်။ အမာရွတ်ကိုအနည်းငယ်ဖုံးအုပ်​စေရန်မူ ​ပေါင်ဒါအမှုန့်အမြောက်အမြားလိုအပ်​နေ​သေးသည်။ သူမသည် သူမ၏ခြံဝင်းအတွင်း၌သာ နေထိုင်ရင်း တစ်လပြန်လည်ကုစား​နေခဲ့ရသည်။ နောက်ဆုံးတွင်​တော့ ​သခင်မကြီးက သူမအ​ကြောင်း၅ကြိမ်​မြောက်​မေး​သောအခါတွင်မူ သူမသည် သူမ​နေထိုင်ရာ ရွှမ်ယု​ကောအ​ဆောင်က​နေ စိတ်မပါလက်မပါစွာနဲ့ ဟယ်ရှင်းယွမ်အ​ဆောင်ဆီသို့ထွက်လာခဲ့ရသည်။

သူမ​က သခင်မကြီး၏ခြံဝင်းအတွင်းသို့ဝင်လာ​သောအခါရယ်သံကိုကြားလိုက်ရသည်။

"ဝေ့ရန်၊ မင်းကငါ့ကိုအမြဲရယ်အောင်လုပ်နေတာပဲ"

လီ​ဝေ့ရန်သည် အဝါရောင်နှင့်အစိမ်းရောင်ပိုးချည်ထည်၀တ်စုံကို ၀တ်ဆင်ထားသည်။ ကော်လံပေါ်တွင် သစ်ခွပန်းများပန်းထိုးချယ်လှယ်ထားတာက အလွန်စွဲဆောင်နိုင်စေသလိုပင်။ သူမ၏ခေါင်းပေါ်တွင် ရိုးရိုးကျောက်စိမ်းဆံထိုးတစ်ခုသာရှိသည်။ သူမသည်ငယ်ရွယ်နုပျိုပြီးဆွဲဆောင်မှုရှိသော ​ကိုယ်​ရောင်ဝါ​ကိုဖြန့်ထုတ်​နေသကဲ့သို့ပင် သူမကိုအလွန်ဖော်ရွေသောလူတစ်ယောက်ဖြစ်ပုံ​ပေါ်​နေ​စေသည်။ သူမ၏ မျက်နှာပေါ်ရှိအပြုံးသည် ပို၍ပင်ကြည်နူးရိပ်သန်း​နေသည်။

"​ဘွားဘွားရဲ့ဘေးနားမှာရှိရမှာက ဝေ့ရန်ရဲ့ကံကြမ္မာပဲထင်တယ်"

​သခင်မကြီးကထပ်ရယ်ရင်း သူမ၏​​ခေါင်း​လေးကိုဖွဖွ​လေးပုတ်လိုက်​ပြီး သူမကအထိန်း​တော်လျိုအား

"သူ​မလေးက ထပ်လိမ်​နေပြန်ပြီ ဒီလိုစကားတတ်တဲ့လျှာ​လေး!"

လီချန်းရှီသည်အံ့အားသင့်သွားသည်။ ​သခင်မကြီးသည် ယေဘုယျအားဖြင့် တည်ကြည်လေးနက်ပြီး လေးစားစရာကောင်းသည်။ သူမက သူမရဲ့မြေးမ​လေးတွေနဲ့ ဘယ်တော့မှမရင်းရင်းနှီးနှီးမ​နေတတ်ဘူး။ ဒါပေမယ့်သူမက ဘယ်အချိန်ကတည်းကစပြီး လီ​ဝေ့ရန်ကိုအရမ်းချစ်ခင်သွားရတာလဲ။ သူမ မသိသောအချက်မှာ လွန်ခဲ့သောလတစ်လလုံးတွင် လီဝေ့ရန်သည် သခင်မကြီးဆီကို ပုံမှန်လာ​ရောက်လည်ပတ်နေခဲ့သည်ကိုပင်။ သူမသည် အတူတကွဆုတောင်းကြသည့်အခါတွင် သခင်မကြီး၏အ​ဖော်ဖြစ်လာပြီး လက်ဖက်ရည်ဖျော်စပ်​ပေးရင်းစကား​ပြော​ဖော်ဖြစ်လာသည်။ ထိုအချိန်မှစ၍ လူတိုင်းက သခင်မကြီး၏အ​လေး​ပေးခံရဆုံးလူမှာ လီ​ဝေ့ရန်ဖြစ်လာသည်ကိုသိရှိကြသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now