59.ရုတ်တရက်​လေပြင်းတိုက်

3.8K 584 58
                                    

​ထော့ပါကျန်း၏စိတ်ထဲမသက်မသာဖြစ်သွား​ပေမယ့် သူကပြုံးရင်းပြောသည်မှာ

"တတိယသခင်မ​လေးက ဒီနေ့ဂုဏ်ပြုပွဲရဲ့အဓိကလူဘဲ။ မင်းက ဘာလို့ဒီကိုပုန်းဖို့လာတာလဲ"

လီဝေ့ရန်သည် သူမ၏ဆံပင်များကိုလက်ချောင်းများဖြင့်​ဆော့ကစားလိုက်ပြီး ပြုံးလိုက်ကာ

"ဒီဂုဏ်ပြုပွဲက ​သေချာ​ပေါက် မမကြီးကိုအရှိန်အဝါ​တွေ ​တောက်ပ​စေဖို့ပါပဲ။ တို့သာ မမကြီးရဲ့လမ်းမှာ သွားပိတ်မိ​နေရင် ဒါကလူ၁၀၀ကို သေစေထိုက်တဲ့ရာဇ၀တ်မှုနဲ့​တောင် ညီမျှပါဦးမယ် "

"မင်းကဘာကိုပြောနေတာလဲ?"

​ထော့ပါကျန်းသည် အနည်းငယ်အံ့သြသွားသော်လည်း အပြင်ပန်းက​တော့နွေးထွေးသောအပြုံးဖြင့်

"ဒီည​နေခင်းဂုဏ်ပြုပွဲက ပထမသခင်မ​လေးအတွက်ကျင်းပတာမှ မဟုတ်တာ"

လီ​ဝေ့ရန်က နူးညံ့စွာပြုံးလိုက်ပြီး

"ဒီနေ့ တတိယအရှင်မင်းသားက တို့ကိုလာဂုဏ်ပြုဖို့ နာမည်ကောင်းသုံးပြတယ်ဆိုပေမယ့် အမှန်တကယ်တော့ မင်းသားက အဖေ့ရဲ့နှလုံးသားထဲမှာရှိတဲ့ တို့​တွေညီအစ်မတွေရဲ့ တန်ဖိုးကိုချိန်တွယ်ချင်နေတာ​လေ။ ဟုတ်တယ်မဟုတ်လား?"

" မင်း..."

​ထော့ပါကျန်းက သူမဒီလောက်​တောင်တည့်တိုးပြောလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ သူသည်ထိတ်လန့်သွားသော်လည်း တောက်ပစွာပြုံးလျက် ယခင်ကဲ့သို့ပင်ဟန်မပျက်ပဲ​နေ နေသည်။

လီ​ဝေ့ရန်က မျက်ခုံးပင့်တင်လိုက်ပြီး သူ့ကိုကြည့်လိုက်တယ်။

"တတိယအရှင့်သားက စိတ်ပူစရာမလိုပါဘူး။ တို့က အရှင်မင်းကြီးနဲ့အဖေကို အခက်အခဲကိစ္စ​လေးတစ်ခုကို ကူညီဖြေရှင်းပေးခဲ့ပေမယ့် အဖေ့မျက်လုံးထဲမှာ​တော့ တို့ကသူ့အာရုံစိုက်မှုနဲ့မထိုက်တန်တဲ့ ကိုယ်လုပ်​တော်ရဲ့သမီးသာသာပါပဲ။ ဒီအန်ဖိန်းမင်းသမီးဆိုတဲ့ဘွဲ့ကလည်း နား​ထောင်​ကောင်းစေတဲ့ ဘွဲ့နာမသက်သက်ပါပဲ။ မမကြီးက​တော့မတူပါဘူး​လေ။ မမကြီးက အ​ဖေ့ရဲ့မျက်နှာသာ​ပေးမှုလည်းရှိသလို မိခင်ရဲ့အဖိုးနဲ့ဦးလေး​တွေကလည်း စစ်တပ်အာဏာရှိတဲ့အပြင် သူမမှာပြိုင်ဘက်ကင်းသောအလှတရားလည်းရှိတယ်။ ​သေချာ​ပေါက် မမကြီးကသာ တတိယအရှင့်သားအတွက် အသုံးဝင်ဆုံးဖြစ်မှာပါ"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now