95.အညှာအတာမရှိ

3.2K 513 29
                                    

ထော့ပါကျန်းသည် သူမ၏မွေးစားသားတော် ဖြစ်သောကြောင့် ဝူရှန်း​ဖေးမိဖုရားကြီးသည် သူမ၏ယောက္ခမအစစ်မဟုတ်ခဲ့ပေ။

တော်ဝင်နန်းတော်၊ ဧကရာဇ်၏ဥယျာဉ်တော်

လှပသောပန်းပွင့်များသည် လမ်းတစ်​လျှောက်ပေါ်တွင်စီတန်းလျက်ပွင့်အာ​နေ​သော​​ကြောင့် လေထဲတွင် စွဲမက်ဖွယ်ကောင်းသောရနံ့ကိုကျန်​နေ​စေသည်။

လီဝေ့ရန်သည် ပန်းခင်းများကိုဖြတ်လျှောက်သွားကာ နား​နေ​ဆောင်တော်ကူးတွင်ထိုင်နေသောမြင့်မြတ်သောတော်ဝင်ကိုယ်လုပ်​တော်မိဖုရားတစ်ဦးထိုင်​နေသည်ကို တွေ့လိုက်ရသည်။ မယုတ်မလွန်အပြုံးတစ်ခုကသူမ၏ မျက်နှာ​တွင်ပေါ်လာသည်။

ဝူရှန်း​ဖေးမိဖုရားကြီးသည် ဂုဏ်သိက္ခာကြီးမားသောအိမ်​တော်မှဆင်းသက်လာပြီး ထူးထူးခြားခြားလှပသော်လည်း နန်းတော်တွင် အရေးအကြီးဆုံးအရာမှာ တစ်စုံတစ်ယောက်၏ အလှတရားလည်းမဟုတ်သလို နောက်ခံရှိမရှိလည်းမဟုတ်ပဲ အမွေဆက်ခံသူရှိမရှိပင်ဖြစ်သည်။ ပုံမှန်အားဖြင့်၊ အမွေဆက်ခံသူမရှိသောအမျိုးသမီးသည် နန်းတော်၌ရှင်သန်ရန်အတွက်ရုန်းကန်ရမည်ဖြစ်ပြီး နှစ်ပေါင်းများစွာရှင်သန်နိုင်မှုကနည်းပါးလှသည်။  ဆန့်ကျင်ဘက်အနေနှင့်၊ ဝူရှန်း​ဖေးမိဖုရားကြီးသည် အလွန်ခိုင်မာစွာရပ်တည်ပြီး သားတော်တစ်ဦးကိုမွေးစားကာ ပြုစုပျိုးထောင်ရင်း နန်းတော်အတွင်း၌ ဧကရီအားဆယ်စုနှစ်တစ်ခုကြာ ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။ လူတိုင်းမှာ ဒီလိုအရည်အချင်းမျိုးတော့မရှိကြဘူး။

ယခင်ဘဝက သူ့ယောက္ခမ​တော်အမျိုးသမီးကို ပထမဆုံးတွေ့စဥ်ကပင် နာမည်တစ်ခုတည်းနဲ့တင် ဒူးတွေတုန်နေခဲ့ရတယ်။ တစ်ဘဝပြီးသွားပြီဆိုတော့ လီဝေ့ရန်က "သူမရဲ့အတိတ်ကလူတစ်ယောက်" ကိုရင်ဆိုင်ရလောက်အောင် ယုံကြည်မှုရှိပြီး တည်ငြိမ်လာလိမ့်မယ်လို့ ယုံကြည်မိတယ်။

နန်းတွင်းသူများနှင့် မိန်းမစိုး၁၀ယောက်ကျော်သည် နား​နေ​ဆောင်​တော်ကူးပတ်လည်တွင်ရပ်နေကာ အားလုံးကဦးညွှတ်ရင်း မျက်လုံးများ အောက်စိုက်ထားကြသည်။ သူတို့​တွေသည်အသက်ရှူအောင့်ထားကြသဖြင့် ချောင်းဟန့်သံကိုတောင်မကြားရ​ပေ။ နား​နေ​ဆောင်​တော်ကူး၏အလယ်ဗဟိုတွင် အသက်လတ်လတ် မိန်းမချောကြီးတစ်​ယောက်က မတ်မတ်ထိုင်​နေသည်။ သူမ၏ပြောင်လက်တောက်ပသော အနက်ရောင်ဆံပင်များသည် ခေတ်စား​နေ​သော မိုးကုတ်စက်ဝိုင်းပေါ်ရှိတိမ်များကဲ့သို့ပုံသဏ္ဍာန်ဖြင့် စုစည်းထုံးဖွဲ့ထားသည်။ သူမ၏အသားအရည်သည် ချောမွတ်ပြီးနူးညံ့လှသဖြင့်လှပသောကျောက်စိမ်းကဲ့သို့ နေရောင်အောက်တွင် ပို၍ပင်တောက်ပနေသည်။ သူမ၏မျက်လုံးများသည် နက်မှောင်​နေချိန်တွင် တောက်ပပြီး ချစ်စဖွယ်ကောင်းကာစွဲဆောင်မှုရှိသည်။ အနီရောင်နှုတ်ခမ်းလေးတွေက အပြုံးတစ်ခုအဖြစ်သို့ကွေးသွားပုံမှာ ဝတ်ရည်များကို ထိတွေ့သောက်သုံး​တော့မည့်ဟန်ပင်။ သူမသည် လီဝေ့ရန်ကိုပြုံးပြနေသည်။ သူမ၏အပြုံးသည် နွေးထွေးပြီး နူးညံ့သိမ်မွေ့သဖြင့်တစ်ခုခုကိုကြံစည်​နေပုံရသူနှင့်မတူပေ။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now