99.2.အလွန်အကြူး​ပျော်မြူး

2.9K 459 12
                                    

လီ​ဝေ့ရန်က သက်ပြင်းချလိုက်ပြီး

"မယ်​တော်ကြီးရဲ့သက်သတ်လွတ်စား​တော်ပွဲက ငွေတုံး ၈၀သာကျသင့်တယ်​လေ"

သခင်မကြီးသည် ရုတ်တရက် သတိဝင်လာပြီးစားပွဲပေါ်က ဟင်းလျာများကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ

“ဒါတွေကို ဖယ်လိုက်ကြစမ်း။ ဒီလို အသုံးစရိတ်ဖြုန်းတီးတာတွေကို ငါ လက်မခံနိုင်ဘူး”

တာ့လီ၏မယ်​တော်ကြီးသည် သက်သတ်လွတ်စားပွဲ​တော်တစ်ခုတွင် ငွေတုံး၈၀ကိုသာသုံးစွဲသည်။ ပထမအဆင့်ရာထူးရှိသခင်မ၏အစားအ​သောက်သည် အမှန်တကယ်ပင် မယ်​တော်ကြီးသုံးစွဲသည်ထက်များစွာပို​နေသည်။ ဒါသည် ရာဇ၀တ်မှုကျူးလွန်ရန် ဦးဆောင်နေသလိုပင်။

(T/N:အဲ့​ခေတ်က ရှင်ဘုရင်ထက်ပို​ကောင်းတာ​တွေကိုငယ်သား​တွေကစားလို့မရပါဘူး။ ရှင်ဘုရင်၊ မယ်​​တော်ကြီး၊ ဧကရီနဲ့ တန်းတူရည်တူ ကောင်းတာသုံးစွဲစား​သောက်မိရင် လောဘတက်လာပြီး ပုန်ကန်ကြမှာစိုးလို့ပါ။ သူတို့တစ်ခါတစ်ရံချီးမြှင့်လို့ခံစားရတာတော့အပြစ်မဖြစ်ပါဘူး။ အခုလိုတစ်သီးတစ်သန့်ကြီးဘုရင်ထက်ဇာချဲ့​​နေတာ သိသွားရင် မရိုမ​သေမှုနဲ့​သေဒဏ်ထိ​ပေးခံရနိုင်ပါတယ်)

လီချန်းလဲ့၏မျက်နှာသည် လုံးဝနောင်တ တရားကို ထုတ်ဖော်ပြ​လာပြီး

"ဘွားဘွား၊ ဒါ ဒီ​မြေးရဲ့အမှားပဲ" ဟု ချက်ချင်းပြောလာသည်။

သခင်မကြီးသည် သူမအား အေးစက်စွာကြည့်နေပြီး တစ်ခုထု​ပြော​တော့မည့်အချိန်တွင် လီ​​ရှောင်ရန်က သက်ပြင်းချကာ

“ထားလိုက်ပါတော့။ သူမက ရည်ရွယ်ချက်ကောင်းတွေနဲ့လုပ်ခဲ့တာပဲ” ဟုဆိုသည်။

လီချန်းလဲ့၏မျက်ဝန်းများတွင် မျက်ရည်များပြည့်နေပြီး သခင်မကြီးကို မျှော်တစ်လင့်လင့်ဖြင့် ကြည့်​နေ​သော်လည်း သခင်မကြီးက တည်ငြိမ်စွာပြောသည်က

"ထားလိုက်​တော့ နောင်ကို ငါတို့စားပွဲပေါ်မှာ အဲဒီအလဟာသဖြုန်းတီးတဲ့ဟင်းလျာတွေ မတင်မိစေနဲ့"

လီချန်းလဲ့က “ဟုတ်ကဲ့ပါ” ဟု ခပ်မြန်မြန်ပြောလိုက်သည်။

လီ​ဝေ့ရန်က အသာပြုံးလိုက်မိသည်။ အခြားသူတစ်ဦးသာဆိုလျှင်၊ ထိုကဲ့သို့ စားပွဲတော်ကျင်းပနိုင်ရန် ငွေကြေးအရင်းအနှီးရှိမည်မဟုတ်ပေ။ ဒါပေမယ့် လီချန်းလဲ့က​တော့ မတူဘူး။ ပထမသခင်မက လီမိသားစုရဲ့ တန်ဖိုးအကြီးဆုံးပစ္စည်းတွေအားလုံးကို သူမ၏အခန်းကို တိတ်တဆိတ် ပို့ပေးခဲ့ပြီးသားပင်။ ဒီလိုစား​တော်ပွဲမျိုးကို တစ်နှစ်လုံး ဒါမှမဟုတ် ဒီထက်ပိုပြီး ကျင်းပဖို့က ခက်ခဲတဲ့ကိစ္စမဟုတ်ပေမယ့် တကယ့်သက်သတ်လွတ်စား​တော်ကဲကို သင်ပေးဖို့ ဖိတ်ခေါ်ခဲ့တာတော့ သူမက အရှက်ကိုမရှိတာပဲ။ ဘု​ရား​ကျောင်း​ဆောင်တော်မှ မြောင်ရှင်းဆရာ​လေးက သူမကို ဘယ်လိုပြင်ဆင်ပေးရမလဲသင်​ပေးတယ်လို့ ပြောနေပေမယ့် သူမကတော့ အမှိုက်သရိုက်စကားတွေကိုပဲ ပြောနေတာပဲလို့မြင်တယ်။ သူမကို အပြစ်ဆင်ခြင်သုံးသပ်ရန် စေလွှတ်လိုက်တည်းက သခင်မကြီးသည် ရှေးအကျဆုံးနှင့် အဆင်းရဲဆုံးဘုရားကျောင်းကို တမင်တကာ ရွေးချယ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆရာ​လေးတစ်ပါးရှိရန်မှာ မဖြစ်နိုင်ပေ။  သို့သော်လည်း လီ​ဝေ့ရန်သည် ဒါကိုထုတ်ဖော်ပြသရန် မလိုလားပေ။ အဘယ်​ကြောင့်ဆို​သော် ထိုအချိန်တွင် လီ​ရှောင်ရန်သည် သူမကို ကျေးဇူးတရားကြောင့် ကျောခိုင်းနိုင်မည်မဟုတ်သော​ကြောင့်ပင်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now