68.2.လမ်းကျဥ်း​လေးတွင်တွေ့ဆုံမိကြ

4K 627 84
                                    

လူတိုင်း၏မျက်နှာပေါ်ရှိအမူအရာသည် ကြည့်ရှုနေရင်းအလွန်ထိတ်လန့်သွားကြပြီး လီချန်းလဲ့ကသူမ၏နှုတ်ခမ်းထောင့်များကိုကော့ညွှတ်လိုက်မိသည်။

နောက်ဆုံးထိတိုင်​အောင် ထော့ပါကျန်းသည်ခေါင်းကိုငုံ့ကာ လက်ဖက်ရည်ကိုဆက်သောက်နေလိုက်သည်။ လီမိသားစုအတွင်းရှိအတွင်းရေးပြသာနာများသည် သူနှင့်မသက်ဆိုင်သောကြောင့်သူဘာမှဝင်မပြောချေ။

"ရပ်စမ်း!"

ရုတ်တရက် ကောင်းကျင်း၏လက်ကိုတစ်စုံတစ်ယောက်ကဆုပ်ကိုင်လိုက်သည်။

ကောင်းကျင်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။

"လီ​ဝေ့ရန်၊ မင်းကများ အတင့်ရဲလို့!"

"ဝမ်းကွဲအစ်ကို၊ နေ့ခင်းကြောင်တောင်ကြီး​တောင် တတိယ​မောင်လေးကိုဘာလုပ်ဖို့ကြိုးစားနေတာလဲ"

လီ​ဝေ့ရန်ရဲ့အသံက​ ချော​မွေ့​နေသည်။

ကောင်းကျင်းကအေးတိစက်အေးစက်လှောင်ပြုံးပြီး

"ဒါက မင်းကိစ္စလား ဘာဆိုင်လဲ!"

လီဝေ့ရန်ကတည်ငြိမ်စွာပင်

"သခင်မကြီးက တတိယ​မောင်ငယ်​လေးကို ဟယ်ရှင်းယွမ်အ​ဆောင်ဆီသို့ဖိတ်ကြားထားပါတယ်။ ဝမ်းကွဲအစ်ကို ဘာများမ​ကျေမနပ်ဖြစ်စရာရှိလဲ"

ကောင်းကျင်း၏အမူအရာသည်တောင့်တင်းသွားပြီး တစ်ပြိုင်နက်တည်းမှာပင်ဘာပြောရမှန်းမသိဖြစ်သွားသည်။ နောက်ဆုံးအကြိမ်အရိုက်ခံရပြီးနောက်တွင် သူကလီဝေ့ရန်အားသူ၏အရိုးများအတွင်းမှပင် အူလှိုက်သည်းလှိုက်ကြောက်နေခဲ့မိသည်။ ဒီ​နေ့ဒီ​နေရာတွင် လူများများစားစားသာမရှိ​နေဘူးဆိုရင် သူ့အရိုး​တွေ​ပျော့​ခွေသွားမလား​တောင် စိုးရိမ်ရသည်။

ကောင်းမင်ကရုတ်တရက်ထွက်လာပြီး လီ​ဝေ့ရန်ကို စူးစူးစိုက်စိုက်ကြည့်လိုက်ကာ

"ရာရာစစ နင်ကများအတင့်ရဲလို့ ငါ့ရဲ့ ဒုတိယအစ်ကိုကိုဒီလိုပြောရဲဆိုရဲရတာလဲ"

လီဝေ့ရန်၏ဖြောင့်မှန်​သောမျက်ဝန်းများက ပုတ်ခတ်ပုတ်ခတ်ဖြင့်သူမကပြုံးလိုက်ကာ

လီ​ဝေ့ရန် (ပထမတွဲ) UnicodeDonde viven las historias. Descúbrelo ahora