136.1.အိမ်​ထောင်ဖက်

2.3K 295 6
                                    

မင်းသားတစ်ပါးတွင် သူ့ကိုယ်ပိုင်စစ်သည်၅သောင်းရှိ​နေမယ်ဆိုတာက မမျှော်လင့်ထား​သောအရာဖြစ်ပြီး ထိုအရာသည် တာ့လီပြည်တွင် လုံးဝစိတ်ကူးမယဥ်နိုင်​သောအရာတည်း။ ထိုစကားကိုကြားပြီးနောက် လီဝေ့ရန်သည် ထိုမင်းသားကို နောက်ထပ် အနည်းငယ်မကြည့်မိဖို့မတတ်နိုင်တော့ပေ။

"တကယ်ဆို​နော် မိခင်မျိုးရိုးရဲ့ ပံ့ပိုးမှုမရှိတဲ့ ၁၆နှစ်သားမင်းသားက ဝေးလံခေါင်သီတဲ့ စစ်ဘေးရှောင်ပြည်တွင်းမှာဆို စွန့်ပစ်ခံထားရတဲ့ ကလေးတစ်ယောက်ဖြစ်သင့်တယ်ဆိုတာ ထင်ရှားနေသား။ ဒါပေမယ့် တို့အဖေက​တော့ သူက တခြားသူတွေနဲ့မတူဘဲ၊ မို​ဖေ့ပြည်မှာ သူ့အဆင့်အတန်းမြင့်လွန်းတယ်လို့ဆိုတယ်။ ပြီးတော့ သူက မိုဖေ့ပြည်ရဲ့ ပထမမင်းသားကိုတောင် လျှို့လျှို့ဝှက်ဝှက် အစားထိုးခဲ့တယ်တဲ့။ သူက တကယ်ကို အစွမ်းထက်တဲ့ပုံပဲ!" ဟု စုန့်ယန်ကျွင်းသည် လီဝေ့ရန်က စိတ်ဝင်တစားဖြစ်​နေပုံကိုမြင်​တော့ တိုးညှင်းသောအသံဖြင့် ဆက်ပြောလာသည်။

တိုးတိုးတိတ်တိတ် တီးတိုးလေးဆိုနေတဲ့ ပွဲကြည့်စင်မြင့်အောက်က မိန်းမပျိုတွေအတွက် ဘာမှကန့်သတ်မထားဘူး။ စင်မြင့်ပေါ်၌ ဧကရာဇ်မင်းသည်လည်း လီယွမ်ဟန့်ကို ကြည့်ရှုနေသည်။ 

"စတုတ္ထမင်းသား၊ တာ့လီရဲ့ ခရီးသွားကုန်သည်တွေက မိုဖေ့ကိုဖြတ်သန်းသွားတဲ့အခါ မနှစ်မြို့ဖွယ်အနှောက်အယှက်တွေရှိနေတယ်လို့ ငါကိုယ်​တော်ကြားလိုက်ရတယ်။ ဒါအမှန်ပဲလား?"

လီယွမ့်ဟန်က တည်ငြိမ်စွာဖြင့် အလျင်မလို​သော​လေသံဖြင့်

"အရှင်မင်းမြတ်ရဲ့ မိန့်ဆိုချက်တွေကို အတိုင်းအတာတစ်ခုအထိတော့ ဒီမင်းသားကကြားခဲ့ဖူးပါတယ်။ မို​ဖေ့ပြည်ရဲ့မြင်းစီးတပ်သား နာမည်တွေကိုသုံးပြီး ဒေါသတကြီးအမှု ကျူးလွန်တာတွေ ရှိတာမှန်ကန်ပါတယ်။ ကျုပ်တို့ရဲ့ မိုဖေ့နယ်မြေက ကျယ်ပြောတဲ့အတွက် အ​ကောင်းနဲ့အဆိုးက ဒွန်တွဲရောယှက်နေပြီး အနီးအနားမှာ တာ့လီပြည်ကရှိ​နေ​တော့ ဘေးဒုက္ခမဖြစ်အောင်လုပ်ဖို့က ရှောင်ဖို့ခက်ခဲလှ​ကြောင်းပါ။ နောက်ဆုံးတော့ ကိုယ့်တိုင်းသူပြည်သားတွေကို ချုပ်ချယ်လို့မရတာက ကျုပ်တို့ရဲ့ မို​ဖေ့ပြည်ပဲဖြစ်​နေ​တော့ ကျုပ် တာ့လီပြည်ကို ဒီတစ်ခေါက် အလည်လာ​ခိုက် ကျုပ်ရဲ့ဖခမည်း​တော်ကိုအကြံပေးခဲ့ပါတယ်။ အနာဂတ်မှာ တာ့လီရဲ့ ခရီးသွားကုန်သည်တွေကို တစ်စုံတစ်ယောက် ဒုက္ခရောက်အောင်လုပ်ရင် မိုဖေ့ရဲ့ ဥပဒေတွေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်ဆိုပြီး​တော့​ပေါ့”

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now