အပိုင်း ၂၂၁ မှ ၂၃၀ အထိ

1.9K 64 11
                                    

အပိုင်း(၂၂၁) : ဆယ့်ရှစ်နှစ်အရွယ်လူငယ်တစ်ဦးရဲ့ ကောင်းကင်

တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။ ဤရက်ပိုင်းကား ကန်ယီနိုင်ငံနန်းတော်တွင် ပွဲတော်အငွေ့အသက်များ ထုံမွမ်းနေကာ ပျော်ရွှင်ကြည်နူးဖွယ်ရာ အခါသမယဟု ပြောရမည်ဖြစ်သည်။ တစ်ခါတစ်ရံ နယ်မြေတစ်ရာဒေသမှ ဧကရာဇ်များက လာရောက် လည်ပတ်ကြသည်။

နိုင်ငံခြောက်နိုင်ငံက ကန်ယီနိုင်ငံ၏လက်အောက်ကို ဝင်ရောက်ကြောင်း ကြေညာပြီးဖြစ်သည်။ ကန်ယီအင်ပါယာကား ရုပ်လုံးပေါ်နေပြီဟု ပြော၍ ရသည်။ ထို့အပြင် မည်သူကမှ ကန်ယီနိုင်ငံကို မဆန့်ကျင်ရဲကြပေ။ ရီဖူရှင်းတို့အုပ်စုက အရှေ့မြေရိုင်းဒေသ၏ ထိပ်သီးအင်အားစုများသို့ ဝင်ရောက်သည့်သတင်းက နယ်မြေတစ်ရာဒေသတစ်ခုလုံး သိသည့် ကိစ္စဖြစ်သည်။

သူတို့ မသိလိုက်မီတွင်ပင် ကောင်ကင်ပြက္ခဒိန်၏ နှစ် ၁၀၀၀၁ နှစ်မြောက် ကား ပြီးဆုံးကာ နီးနေပြီဖြစ်ကာ နှစ်သစ်သို့ နီးကပ်လာပြီဖြစ်သည်။

နှစ်ဟောင်း၏ နောက်ဆုံးညတွင် ကန်ယီနိုင်ငံ၏ ကောင်းကင်ကား မီးရောင်များဖြင့် ထိန်လင်းနေသည်။ နန်းတော်တွင်ကား နှစ်စဉ်ကျင်းပလေ့ရှိသော စားပွဲတစ်ခု ရှိသည်။

ဧကရာဇ်ရီ၊ ဘုရင်မ၊ မင်းသားမျာ၊ မင်းသမီးများ ၊ လျိုဖေးယွန်တို့ မောင်နှမ နှင့် ရီဖူရှင်းတို့အုပ်စု လည်း နန်းတော်ထဲတွင် ထိုနေကြကာ စားပွဲအား အသက်ဝင်စေသည်။

"လာ...အတူတူသောက်ရအောင်...." ထိုအခိုက်တွင် ဧကရာဇ်ရီက ဝိုင်ခွက်ကို မြောက်လျက် ပြောလိုက်သည်။ လူတိုင်းက သူတို့၏ ဝိုင်ခွက်များကို မြောက်လျက် အတူတူ သောက်လိုက်ကြသည်။

" ဒီနှစ်တွေမှာ အများအကြီး ဖြစ်ပျက်သွားတယ်လို့ ကျုပ်စိတ်က အမြဲထင်နေတယ်....နှစ်တွေအကြာကြီး ဖြတ်သန်းသွားပြီး နှစ်တွေက ရှည်ကြာနေသလိုပဲ...." ဧကရာဇ်ရီက ပြုံးလျက် ပြောသည်..."ကျုပ်က အသက်ကြီးသွားပြီလားမသိဘူး...."

" ကျုပ်လည်း ဒီလိုပဲ ခံစားရတယ်..." ဟွာဖန်းလူက ခေါင်းညိတ်လျက် ပြောသည်....." ဒီနှစ်ထဲမှာ ကျုပ်က အထူးတလည် လုပ်ဆောင်တာ မရှိပေမဲ့....ကြည့်ရတာ ကျုပ်က တော်တော်တွေ့ကြုံခဲ့ရတာပဲ....."

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now