အပိုင်း ၅၂၁ မှ ၅၃၀ အထိ

1.2K 54 11
                                    

အပိုင်း (၅၂၁)စစ်ပွဲကြီး

ကောင်းကင် တစ်ခုလုံးက များပြားသော စွမ်းအားမြင့် တန်ခိုးရှင်များဖြင့် ပြည့်နှက် နေသည်။ သူတို့ အားလုံးက ရီဖူရှင်းကို ကြည့်နေ ကြသည်။

"ရီဖူရှင်း... ကိုယ် ဘာလုပ်ရမယ် ဆိုတာကို သိတဲ့လူက ဉာဏ်ကောင်းတဲ့လူပဲ... တော်ဝင် တံဆိပ်ပြားတွေကို ပေးပါ... မင်းက အသက်ရှင်လိမ့်မယ်..." မိုကျွမ်၏ဘေးမှ လီစွမ်းက ပြောသည်။ သူက လုပ်ကြံသည့် အစီအစဉ်ဖြင့် နန်ဟောင်၏ နောက်လိုက် ဖြစ်လိုသော်လည်း ယခု ထိုကိစ္စက မအောင်မြင်ရာ သူ၏အနာဂတ်ကလည်း စိုးရိမ်စရာ ကောင်းနေသည်။

"အရှက်မရှိတဲ့အကောင်.... ငါက မင်းမိတ်ဆွေ ဖြစ်ခဲ့ဖူးတာကို နောင်တရတယ်..." ရွယ်ယွန်ပိုကျင်က လီစွမ်းကို ကြည့်ကာ မာန်မဲသည်။

လီစွမ်းကား ကျိုးရှင်းတောင်၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့ကာ ကျိုးရှင်းတောင် ရှီတန်ခိုးရှင်များ ကိုယ်တိုင် ရွေးချယ်ခဲ့သောသူ ဖြစ်သည်။ ယခု သူက သစ္စာဖောက်ကာ နန်ဟောင်၏ နောက်လိုက် ဖြစ်သွားသည်။

လီစွမ်းကလည်း ရွယ်ယွန်ပိုကျင်ကို အေးစက်စွာ ကြည့်သည်။ သူလုပ်ခဲ့သည်များကို ရှက်ရွံ့ခြင်း မရှိပေ။ သူ၏ အယူအဆအရ ပိုမို အားကောင်းရန် စွမ်းအားကြီးသော လူများနှင့် ပူးပေါင်းရန် လိုသည်။ ထိုလူများ၏ နောက်ကို လိုက်ခြင်းဖြင့်သာ သူ၏ အသိအမြင်များ ကျယ်ကာ အခွင့်အလမ်းများ ရလာမည်။ ကျိုးရှင်းတောင်က သူ့အတွက် အကန့်အသတ် ရှိသည်။ ယခု သူက အတော်ဆုံး လူတစ်ယောက်နှင့် အတူလက်တွဲခွင့် ရတော့မည် ဖြစ်သည်။ ဤအခွင့်အရေးက နှစ်ခါ မလာနိုင်။

လီစွမ်းက ကျိုးကျွမ်၏ ဆွဲဆောင် သိမ်းသွင်းမှုကြောင့် လုပ်ကြံရာတွင် ပူးပေါင်းခဲ့ခြင်း မဟုတ်ပေ။ အမှန်တကယ်အားဖြင့် သူက အကျိုးအပြစ်များ အားလုံးကို ဆင်ခြင် တွက်ဆပြီးမှ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

"ရှေးလူတွေ ပြောတာကတော့ လူတွေက ဥစ္စာအာဏာ နောက်ကို လိုက်ရင်း သေကြရတယ်တဲ့... တော်ဝင် တံဆိပ်ပြားတွေက မင်းအတွက် ဖိအား များလွန်းတယ် ဆိုတာကို သိသင့်တယ်... မင်းက ဘာလို့ အတင်း လုပ်နေရတာလဲ..." တူရန်ထျန်းတောင်မှ ကုဖေးရန်က ပြောသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Tempat cerita menjadi hidup. Temukan sekarang