အပိုင်း ၂၇၁ မှ ၂၈၀ အထိ

1.5K 71 6
                                    

အပိုင်း (၂၇၁) မိစ္ဆာအစ်ကိုလေး

အရှေ့မြေရိုင်း ဒေသမှ လူများက သိပ်မအံ့သြကြပေ။ အရှေ့မြေရိုင်း ကျောင်းတော်က ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။ သို့သော် ချင်ပြည်ထောင်က အရှေ့မြေရိုင်း ဒေသမှ အင်အားစုများကို ခေ့ကေးမြို့သို့ မဖိတ်ခေါ်မီ ကြိုတင် ပြင်ဆင်မှုများ ကောင်းစွာ ပြုလုပ်ထားသည်ကို လူတိုင်း သိကြသည်။ သူတို့က ပုံမှန်အားဖြင့် ကျောင်းတော်နှင့် ကော့တေးအား အထင်သေးရဲမည် မဟုတ်ပေ။ ထို့အတူ သူတို့ကလည်း ကျောင်းတော်ကဲ့သို့သော အဆင့်မျိုး ရှိပေသည်။ ဤနိုင်ပွဲကား ပြင်ဆင်မှု ကောင်းမွန်ခြင်း၏ ရလဒ်ဖြစ်သည်။

ဂူတုံးလျို၏ စွမ်းရည်ကသာ သူတို့၏ ပြင်ဆင်မှုများကို ကမောက်ကမ ဖြစ်စေခဲ့သည်။ မူလ ကတည်းက သူတို့က လုနန်ထျန်း အနိုင်ရမည်ဟု လုံးဝ ယုံကြည် ထားခဲ့ကြသည်။ လုနန်ထျန်းက အနိုင်ရခဲ့ပါက ဒွန်ချင် ကျောင်းတော်က ကျောင်းတော်၏ နာမည် ကျော်ကြားမှုများကို ကျော်ဖြတ် သွားနိုင်ခဲ့မည် ဖြစ်သည်။

ကျောင်းတော်ကလည်း ထိုအချက်ကို နားလည်သည်။ ကျူးချိန်၊ ဇုန်းဇွီနှင့် ဘေလိရှာတို့ အားလုံးက နားလည်ကြသည်။ အင်အားစု နှစ်ခုက ပူးပေါင်းသည်မှာ ကျောင်းတော်၏ နေရာကို အစားထိုးရန် ဖြစ်သည်။ သူတို့၏ အစီအစဉ်များမှ ထိုရည်ရွယ်ချက်ကို မြင်နေရသည်။

ရိုးသားစွာ ပြောရလျှင် သူတို့က မနေ့ကတည်းက ထွက်သွားသင့် ပေသည်။ သို့သော်လည်း ဒွန်ချင် ကျောင်းတော်က စိန်ခေါ်ခဲ့သည်။ အကယ်၍ သူတို့ ထွက်သွားခဲ့ပါက စိန်ခေါ်မှုအား ငြင်းပယ်သည်နှင့် တူညီပေသည်။

ချင်ယွီက လူအများအား ကြည့်လိုက်ပြီး ဆက်ပြောသည်... "အရှေ့မြေရိုင်း ဒေသရဲ့ စွမ်းအားမြင့် တန်ခိုးရှင်တွေက ဒီမှာ စုစည်း နေကြတယ်... ဒီနေ့ ဘယ်သူမဆို ကျုပ်တို့ ဒွန်ချင် ကျောင်းတော်ကို စမ်းသပ်နိုင်တယ်... ပထမက ပြောခဲ့သလိုပဲ ကျုပ်တို့ ဒွန်ချင် ကျောင်းတော်က နောက်သုံးလမှာ ကျောင်းသားသစ် လက်ခံမယ်... အဲဒါက စာမေးပွဲ အဆင့်ပဲ..."

"ပြီးတော့ တိုက်ပွဲစင်မြင့် တစ်ခုတည်းက မလုံလောက်ဘူး ထင်တယ်... ဒါကြောင့် ကျုပ်က တိုက်ပွဲစင်မြင့်ကို သိုင်းပညာ၊ မှော်ပညာ၊ စိတ်ဝိညာဉ် ပညာနဲ့ ကြိုက်သလို တိုက်ခိုက်နိုင်တဲ့ နေရာတွေဆိုပြီး လေးခု ခွဲလိုက်မယ်... ဒီနည်းနဲ့ ကျုပ်တို့က ပါရမီရှင်တွေရဲ့ အရည်အချင်းတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်... တစ်ပြိုင်နက်တည်း စိန်ခေါ်တာက ပိုပြီး ထိရောက်လိမ့်မယ်..."

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora