စာစဉ် (၁၃၄)

1.1K 34 0
                                    

အပိုင်း(၁၉၀၂)မြွေအား ယဉ်ပါးစေခြင်း

"အဆင့်ရှစ်မိစ္ဆာအင်ပါယာ..." ရီဖူရှင်းက ထိုနေရာသို့ရောက်သည်နှင့် ပြင်းထန်သောယင်ဓာတ်များနှင့် တိုက်စားလာသော လှိုင်းများကို ခံစားရသည်။ ထိုနေရာကား ကြောက်စရာကောင်း၏။ ထိုနေရာတွင်ရပ်နေခြင်းက တစ်စုံတစ်ယောက်သည် မည်သည့်အချိန်၌မဆို သတ်ဖြတ်ခံရနိုင်သည့် အန္တရာယ်ရှိသည်ဟု ဆိုလိုသည်။

အောက်တွင်ကား သေဆုံးခြင်းပင်လယ်ရှိသည်။ ထိုသေဆုံးခြင်းပင်လယ်ကား ငရဲကြာပန်းများဖြင့် ပြည့်နေ၏။ များစွာသော ငရဲကြာပန်းများသည် ကျွန်းတခွင် ပြည့်နှက်နေကာ သက်ရှိများအားလုံးကို ဝါးမျိုလျှက် သေဆုံးခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။

မြွေမိစ္ဆာ၏ဘေး၌ကား ဧရာမကြာပန်းနက်တစ်ခုရှိသည်။ ကြာပန်းတွင် ပွင့်လွှာကိုးချပ်ရှိ၏။ အနက်ရောင်ပွင့်ချက်များသည် သေဆုံးခြင်းအလင်းများဖြင့် စိုတောက်နေသည်။ ပွင့်ချပ်များသည် ပွင့်လိုက်ပိတ်လိုက်ဖြစ်နေကာ ပွင့်လွှာတစ်ခုစီသည် လူတစ်ရာခန့်ကို သယ်ဆောင်နိုင်လောက်အောင် ကြီးမား၏။ ကြာပန်းသည်လည်း လူသားစားပန်းတစ်မျိုးဖြစ်ဟန်ရသည်။

ဧရာမမြွေကြီးသည် အပင်၏ဘေးနားတွင် ရစ်ပတ်ကာ ၄င်းအား ကာကွယ်လျှင် စွမ်းအားများကို စုပ်ယူနေသည်။

"ငရဲကြာပန်းဘုရင်... ငရဲသားရဲကြာပန်းတွေ..." အင်ပါယာဟယ်လျန်က ရေရွက်သည် "ဒီသတ္တဝါဟာ ကြောက်စရာယင်ဓာတ်ဆေးလုံးအဖြစ် ဖန်တီးနိုင်တယ်။ သာမန်လူတွေသာ စားသုံးရင် သေချာပေါက် သေလိမ့်မယ်။ ဒါပေမဲ့ သေဆုံးခြင်းလမ်းစဉ်ကို ကျင့်ကြံသူတွေသာ စားသုံးရင် ဒါက အရမ်းကို အကျိုးကျေးဇူးဖြစ်လိမ့်မယ်။ ဒါကို ဆေးလုံးအဖြစ် မလုပ်ခဲ့ရင်တောင်မှ ငရဲသားရဲကြာပန်းကိုယ်တိုင်က အရမ်းအားကောင်းတဲ့ သေဆုံးခြင်းသစ်ပင်ဖြစ်နေမှာပဲ"

ရီဖူရှင်းကလည်း လှမ်းကြည့်သည်။ သူက သူနှင့် အရောင်းအဝယ်ပြုလုပ်ရန် ငြင်းဆန်ခဲ့သော ငရဲကြာပန်းပိုင်ရှင်ကိုလည်း တွေ့၏။ ငရဲကြာပန်းများ မည်မျှ တန်ဖိုးကြီးသည်ကို သူသိ၏။ သို့သော်လည်း လက်ရှိတွင် ပင်လယ်ကြီးတမျှ များပြားသော ငရဲကြာပန်းများကို သူမြင်နေရသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora