စာစဉ် (၁၂၅)

1.7K 41 0
                                    

အပိုင်း (၁၇၇၆)မေ့ထန်လာလည်ခြင်း

ထိုက်ချူတော်ဝင်မြေမှကျင့်ကြံသူများထွက်ခွာသွားပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော်အပြင်ဘက်မှ လူအုပ်ကြီးသည်း တဖြည်းဖြည်း ကျဲပါးသွား၏။

ရီဖူရှင်းတို့အုပ်စုလည်း ကျောင်းတော်သို့ ပြန်လာကြသည်။ အရှင်ထိုက်ရွှမ်က ဘေးပတ်လည်မှလူအုပ်ကြီးကိုကြည့်၍ ပြောလိုက်သည်။

"အခုမုန်တိုင်းကြီးတစ်ခုက ဘုံကိုးခုကိုတိုက်ခတ်လာပြီ။ ဘုံသုံးထောင်က ကျင့်ကြံသူတွေအနေနဲ့ ဒီဗရမ်းဗတာအခြေအနေကို အတူပူးပေါင်းပြီးဖြတ်ကျော်နိုင်ဖို့ ကျုပ်မျှော်လင့်မိတယ်။ ပြီးတော့ ပြင်ပဘုံက မိတ်ဆွေတွေအနေနဲ့လည်း ပြသနာထပ်မရှာကြဖို့ မျှော်လင့်ပါတယ်။ ရီဖူရှင်းပြောခဲ့ဖူးသလိုပဲ ကျုပ်တို့က ပြင်ပဘုံကပဲဖြစ်ဖြစ်၊ လေဟာနယ်ဘုံ ဒါမှမဟုတ် မူလဘုံကပဲဖြစ်ဖြစ် ဒီဘုံတွေအားလုံးက ကောင်းကင်ဒေသကပဲလေ။ အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို သိုင်းပညာရပ်တွေ တိုးတက်လာစေဖို့ မျှော်လင့်ပြီး စုစည်းခဲ့တာ။ အဲဒါက ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ရည်မှန်းချက်လည်းဖြစ်တယ်။ကျုပ်တို့က တိုက်ခိုက်ရေးပညာရပ်ကို တိုးတက်လာစေဖို့ရည်ရွယ်ပြီး ကမ္ဘာအနှံ့ကို ပညာဖြန့်ဝေပေးပြီး အနာဂတ်မှာ ပညာရပ်မျိုးစုံထူးချွန်တဲ့ ကျင့်ကြံသူတွေကိုမွေးထုတ်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်"

အရှင်ထိုက်ရွှမ်ကဆက်ပြောသည်။ "ပြင်ပဘုံက မိတ်ဆွေတွေမှာ ကိုယ်ပိုင်အမြင်တွေရှိတယ်ဆိုရင်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်ကိုလာပြီး ဆွေးနွေးလို့ရပါတယ်။ ကျုပ်တို့က အချင်းချင်းအပြန်အလှန်သင်ယူကြရင်းနဲ့ ဆက်ဆံရေးကိုတိုးတက်အောင်လုပ်လို့ရနိုင်တယ်။ ကျုပ်ဒီနေ့ပြောချင်တာကတော့ ဒီလောက်ပါပဲ။ နှုတ်ဆက်ပါတယ်။"

အရှင်ထိုက်ရွှမ်၏စကားများကိုနားထောင်ပြီးနောက် ကျင့်ကြံသူများစွာက တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြသည်။ ကောင်းကင်အာဏာစက်ဘုံမှကျင့်ကြံသူများကမူ အနည်းငယ်တွန့်ဆုတ်နေကြသည်။ လူငယ်များစွာက "ကောင်းကင်အာဏာစက်ကျောင်းတော်က ဘယ်အချိန်တပည့်သစ်ခေါ်မှာလဲ" ဟု မေးနေကြသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now