စာစဉ် (၁၆၂)

1.5K 34 0
                                    

အပိုင်း(၂၂၉၄)နိုးထလာသည့် အလောင်းရုပ်ကြွင်း

ကြောက်မက်ဖွယ် မုန်တိုင်းများက ကျင့်ကြံသူများအား ဆက်လက် ဖြတ်သန်းတိုက်ခတ်နေသည်။ လိပ်နက်က လေဟာနယ်ကို စုတ်ဖြဲလိုက်သည့်အခါ အက်ကြောင်းများ ဖြစ်တည်လာပြီး ၎င်းတို့မှ ဖျက်ဆီးခြင်းမုန်တိုင်းများ အဆက်မပြတ် တိုးထွက်လာသည်။ အော်မြည်နေသော မုန်တိုင်းများက ကျင့်ကြံသူများအပေါ် သက်ရောက်စေသည်။ ၎င်းသည် သူတို့က လိပ်နဂါးကို မည်သည့်အတွက်ကြောင့် ရပ်တန့်ရန် ကြိုးစားရသနည်းဟူသည့် အကြောင်းပြချက် ဖြစ်သည်။

ကံမကောင်းစွာဖြင့် ယခုထိတိုင် မည်သူကမှ ရပ်တန့်ရန် မ​အောင်မြင်ခဲ့ကြပေ။ ၎င်းသည် ရှေးလွန်လေပြီးသော အချိန်ကတည်းကပင် လေဟာနယ်အတွင်း ရွေ့လျားနေသလို ထင်မှတ်ရသည်။

အားလုံးသော ကျင့်ကြံသူများက မဟာလမ်းစဥ်နတ်အလင်းနှင့် လွှမ်းခြုံထားခဲ့သည်။ သူတို့၏ အကြည့်များက သူတို့ရှေ့မှ အလောင်းများပေါ်တွင် ကျရောက်နေခဲ့ပြီး သေဆုံးပြီး အလောင်းအများစုက ပုံပျက်ပန်းပျက် ဖြစ်နေသည်။ အချို့က သေးငယ်သည့် အစိတ်အပိုင်းလေးသာ ကျန်ရစ်ပေသည်။ ထိုသည်မှာ ပြင်းထန်သည့် တိုက်ပွဲတစ်ခုက သူတို့ကို ပါဝင်ပတ်သတ်စေပြီး ဤနေရာ၌ သုတ်သင်ခံခဲ့ရစေပုံရှိသည်။

တိုက်ပွဲပြီးနောက် မရေတွက်နိုင်သော ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ယနေ့ထိတိုင် သေဆုံးနေပြီးသော လိပ်နက်ကြီးက ထိုအလောင်းများကို ကျောပေါ်တွင် တင်ကာ လေဟာနယ်အတွင်း ခြေဦးတည့်ရာ လျှောက်သွားနေခဲ့ပေသည်။ ထိုလိပ်နက်ကြီးက မည်သည့်နေရာကို ဦးတည်နေကြောင်း မည်သူမှ မသိကြပေ။

ဖျက်ဆီးခြင်း မုန်တိုင်းတို့ ထွက်ပေါ်လာသည်နှင့် လူတိုင်းသည် စိတ်မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။ သို့သော်လည်း သူတို့က မျှော်စင်သဏ္ဌာန်အရာဝတ္ထုကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်၏။ သူတို့သည် သင်္ချိုင်းက ပွင့်လာလျှင် အထဲ၌ မည်သည့် လျှို့ဝှက်ချက်တို့ ရှိနေမည်ကို သိချင်နေခဲ့၏။ လူတိုင်းကို ကြောက်ရွံ့စေသည့် အစွမ်းထက် စွမ်းအားက အထဲမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ထိုအထဲ၌ မဟာအင်ပါယာအဆင့် ရုပ်အလောင်းကို မြှုပ်နှံထားခြင်း ဖြစ်နိုင်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Où les histoires vivent. Découvrez maintenant