အပိုင်း ၃၁ မှ ၄၀ အထိ

2.1K 86 5
                                    

အပိုင်း(၃၁)မွေးစားအဖေ

ချင်းကျူမြို့ကား အရှေ့ပင်လယ်တွင် တည်ရှိသော ရေများ ဝန်းရံထားသော ကျွန်းစုပေါ်တွင် တည်ထားသော မြို့ဖြစ်သည်။

ကျယ်ပြန့်လှသော ပင်လယ်သမုဒ္ဒရာကြီးပေါ်တွင် အလွန်ကြီးမားသော သင်္ဘောကြီး တစ်စင်း ချင်းကျူမြို့ရှိရာသို့ ရွက်လွှင့်နေသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော လူအများအပြားအား တွေ့ရသည်။ သူတို့ကား မြင်းစစ်သည်များ ဖြစ်ကြသည်။ ထိုအထဲတွင် လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်။ လူငယ်တစ်ယောက်နှင့် မိန်းကလေး တစ်ယောက်တို့က ကုန်းပတ်ထောင့်တွင် ရပ်နေကြသည်။

လူကြီးမှာ ခန့်ညားပြီး ဂုဏ်သရေရှိသော ပုံစံမျိုးဖြစ်သည်။ သူ၏ဘေးမှ လူငယ်မှာ ချောမောကာ သူ၏မျက်လုံးများက ကောက်ကျစ်မှု အနည်းငယ်အား ခံစားရစေသည်။ အခြားတစ်ဖက်မှ မိန်းကလေးမှာ အေးစက်ကာ မောက်မာသော ပုံဟန်ရှိ၏။ သို့သော်လည်း သူမ၏ ဝတ်စားဆင်ယင်မှုကား ဆွဲဆောင်မှု ရှိသည်ကို တွေ့ရသည်။

"ဒါဆိုရင် ဒီမြို့က ချင်းကျူမြို့ပေါ့..." လူငယ်က အရှေ့အား မျှော်ကြည့်လျက် ပြောလိုက်သည်။

"ဒါ... မှန်တယ်... ချင်းကျူမြို့က အရှေ့ပင်လယ်ရဲ့ ကျွန်းစုမြို့တစ်မြို့ပဲ... ဒါပေမဲ့ အရှေ့ပင်လယ်မှာ ဒီလို မြို့ငယ်လေးတွေ အများကြီး ရှိတာကြောင့် သိပ်မထင်ရှားဘူး... ဒါကြောင့် မင်းက တစ်ခါမှ မကြားဖူးတာ ဖြစ်မယ်..." လူကြီးက ရှင်းပြသည်။

"ဒါမှန်တယ်... ခင်ဗျားကြောင့်သာ မဟုတ်ရင် ဒီကျွန်းမြို့ကို ကျုပ် ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး... သူ့လိုလူက တကယ် ဒီလိုနေရာ သေးသေးလေးက လာတာလား..." လူငယ်က မယုံကြည်နိုင်စွာ မေးလိုက်သည်။ ထိုလူငယ်ကား အမြဲတမ်း မာနကြီးကာ မောက်မာ ရိုင်းစိုင်းသော်လည်း ထိုလူအား ရည်ညွှန်းပြောဆိုသောအခါ ရင်ဘတ်ထဲမှ လှိုက်တက်လာသော ရပ်တန့်မရသော ကြောက်ရွံ့မှုအား ခံစားရ၏။

"ငါတို့ရတဲ့ သတင်းက မှန်မှာပါ... အရှေ့ပင်လယ်ဒေသက သမိုင်းစာအုပ်တွေက ငါတို့ ခက်ခက်ခဲခဲနဲ့ သဲလွန်စတချို့ ရှာတွေ့ထားတာ... ငါတို့မသိနိုင်တဲ့ တစ်ခုတည်းသော အရာက သူက ချင်းကျူမြို့မှာ တစ်ခုခု ချန်ထားခဲ့လား... မချန်ထားခဲ့ဘူးလား... ဆိုတာပဲ..." လူကြီးက ပြောသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Où les histoires vivent. Découvrez maintenant