အပိုင်း ၅၆၁ မှ ၅၇၀ အထိ

1.3K 53 13
                                    

အပိုင်း( ၅၆၁)ပြင်းထန်သောတိုက်ပွဲ

ဒီမွန်းနတ်ဘုရားများကား ရုန့်ရင်းကြမ်းတမ်းသော စွမ်းအားများကို အထူးပြုသော်လည်း ယခု ဒီမွန်းနတ်ဘုရား ကလန်မှ ချီခွန်းကား ယူချင်း၏ အပြည့်အဝ ဖိနှိပ်ခြင်းကို ခံရသည်။ ယူချင်း၏ ကျစ်လျစ်ကာ ပေါက်ကွဲနိုင်စွမ်းသော အားအင်များက ပရိသတ်များကို အံ့အားသင့် စေခဲ့သည်။

ပိုမို၍ အံ့အားသင့်ဖွယ်ရာကား သူက အကာနာ အဆင့်မျှသာ ရှိသေးသည်။ အကယ်၍ သူသာ အဋ္ဌမ သို့မဟုတ် သတ္တမအတန်းအစား နိုဘယ်ဖြစ်နေပါက မည်မျှ အားကောင်းမည်ကို တွေးကြည့်၍ ရသည်။

အာရုဏ်လမ်းမှ လူများ၏ စိတ်နှလုံးများက အလွန်အမင်း လှုပ်ရှား နေကြသည်။ လူအများအပြားက ကျန်ရှောင်မြို့ ဂိတ်တံခါးမှ မြင်ကွင်းကို ပြန်သတိရကြသည်။ ဤစွမ်းဆောင်ရည်ကား သူ မိစ္ဆာပုံစံ မပြောင်းမီ ဖြစ်သည်။ သူက မိစ္ဆာပုံစံကို လုံးဝ ပြောင်းလဲ သွားပြီးနောက် နန်ဟောင်ကို သတ်ဖြတ်နိုင်ခြင်းက အံ့အားသင့်စရာ မဟုတ်တော့ပေ။ နန်ဟောင်က ယူချင်း၏လက်ထဲတွင် အမှန်တကယ် သေဆုံးခဲ့ရသည်ဟု လူအများအပြားက ယုံကြည်ကြသည်။

တိုက်ပွဲများ ဆက်လက် ဖြစ်ပျက်ပြီးနောက် ယူချင်းပြသခဲ့သော စွမ်းဆောင်ရည်က နောက်ပိုင်း ပိုမိုပြင်းထန်သော တိုက်ပွဲများ အောက်တွင် မှေးမှိန် သွားပြန်သည်။ ယခု တိုက်ခိုက်နေသူများ အားလုံးက အကောင်းဆုံးထဲမှ အကောင်းဆုံးများ ဖြစ်ကြသည်။ လူဝံကြီး ယန်ကျန်းသည်လည်း ယူချင်းကဲ့သို့ပင် ရု့န်ရင်းကြမ်းတမ်းကာ သူ၏ပြိုင်ဘက်ကို အထက်စီးမှ အနိုင်ယူခဲ့သည်။

သည်တစ်ကျော့အပြီးတွင် လူလေးဆယ်ခန့်သာ ကျန်တော့သည်။ တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများက နောက်တစ်ကျော့မစမီ သူတို့အား အနားယူရန် ခွင့်ပြုထားသည်။

လူအများအပြားက နောက်ဆုံး ကျန်ရစ်နေသူများကို အကဲခတ်နေကြကာ အားနည်းသူ ဟူ၍ သူတို့ ရှာဖွေ၍ပင် မတွေ့တော့ပေ။ ရီဖူရှင်းနှင့် ယူချင်းပင်လျှင် ဤအဆင့်သို့အထိ ရောက်လာခြင်းက သူတို့၏ အရည်အချင်းကို သိသာစေသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Où les histoires vivent. Découvrez maintenant