အပိုင်း(၁၃၈၂)မြေခွေးဝိညာဉ်
ရီဖူရှင်းတို့အုပ်စု အဝေးကို ထွက်သွားလျှင် တခြားလူများက သူ့အား တားဆီးခြင်း မပြုကြပေ။
မည်သို့ဆိုစေ နတ်ဆိုးဘုံမှ နာမည်ကျော် မှော်ဝိဇ္ဇာတစ်ဦး၏ သေဆုံးခြင်းက လူသားရှန့်ထိုတစ်ဦးနှင့် သက်ဆိုင်စရာ အကြောင်းတော့ မရှိပေ။
"ရှင်က သူမနဲ့ပတ်သက်ပြီး မမေးခဲ့ဘူးလား" ရှားရှင်းယွန်က လေထဲပျံသန်းနေရင်း စိတ်ဖြင့် မေးသည်။
ရီဖူရှင်းက ခေါင်းယမ်းကာ ပြန်ပြောသည် "ငါမလိမ်ဘူး။ မှော်ဝိဇ္ဇာကို ငါတွေ့တဲ့အချိန်မှာ သူက ဘာမှ မပြောသလို ငါကလည်း ဘာမှ မပြောခဲ့ဘူး"
ရီဖူရှင်းကလည်း သူတစ်ခုခု မေးခဲ့သင့်ကြောင်း တွေးလိုက်သည်။
သို့သော်လည်း သူက မှော်ဝိဇ္ဇာ၏ နန်းတော်အတွင်းသို့ ဝင်လိုက်သည်နှင့် မှော်ဝိဇ္ဇာသည် သူ့ကို သည်အတိုင်း နီရဲသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ရုတ်တရက် သွေးအန်ခဲ့သည်။ ထိုသို့သော အခြေအနေတွင် ပြန်ထွက်လာရုံမှလွဲ၍ သူ့တွင် တခြားမရှိပေ။
သူထွက်သွားပြီး နောက်တွင်လည်း မှော်ဝိဇ္ဇာက သူ၏အသက်ကို စွန့်လွှတ်သွားခဲ့ခြင်းမှာလည်း လုံးဝ မထင်ထားသည့်အချက် ဖြစ်သည်။ ထို့ကြောင့်ပင် သည်မတိုင်ခင် အတွေးများကို ရီဖူရှင်းက စတင်၍ ဖယ်ရှားလိုက်ရသည်။
"မှော်ဝိဇ္ဇာသေသွားတာ မင်းနဲ့မသက်ဆိုင်ဘူး။ ဟုတ်တယ်မလား" ကျူးကျောက်က ရီဖူရှင်းကို ရုတ်တရက် မေးသည်။
ရီဖူရှင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူက ကျူးကျောက်ကို ပြန်မေးလိုက်သည် "မင်းသားကော ဘယ်လိုထင်လဲ"
ကျူးကျောက်က ခေါင်းယမ်းလိုက်သည်။ ထိုအတွေးက ရူးသွပ်ခြင်းဖြစ်ကြောင်း သူခံစားမိသည်။ သူသည်ကား နတ်ဆိုးဘုံ၏ တစ်ဦးတည်းသော မှော်ဝိဇ္ဇာဖြစ်ကာ ရီဖူရှင်းကြောင့် အသက်စွန့်သွားစရာ မကြောင်းမရှိပေ။
"ဒါက အရမ်းထူးဆန်းတယ်။ ဂူထျန်းရှင်းက နတ်ဆိုးဘုံရဲ့မူလနယ်မြေကို ဝင်ခဲ့ပြီးတော့ နတ်ဆိုးဘုံက တန်ခိုးရှင်တွေ အများကြီး ရောက်လာခဲ့ကြတယ်။ မှော်ဝိဇ္ဇာရဲ့နန်းတော်ကလည်း ကောင်းကင်အာဏာစက်ဘုံမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်မယ်လို့ သတင်းတွေ ထွက်လာခဲ့တယ်။ ကြည့်ရတာ ဒီတစ်ခေါက် နတ်ဆိုးဘုံဟာ ငြိမ်းချမ်းတော့မယ် မထင်ဘူး"