အပိုင်း(၁၁) မှ (၂၀) အထိ

2.5K 102 8
                                    


အပိုင်း (၁၁)မြေခွေးမ၏ အကွက်ချမှု

အားလုံး၏ မျက်လုံးများက ရီဖူရှင်းနှင့် ယန်ဇူတို့ထံတွင် ရှိနေကြသည်။ ချင်းကျူကျောင်းတော်၏ တခြား ကြီးကြပ်သူတစ်ယောက်က စင်ပေါ်သို့ တက်လာကာ ယန်ဇူအား မေးလိုက်သည်...

"ဒါဆို မင်းက ကိုယ့်ဘာသာ ပထမ ပေးချင်တာလား..."

"ကျွန်တော်က ဒီလို အတွေးမျိုး မတွေးရဲပါဘူး..." ယန်ဇူက ခေါင်းခါလိုက်သည်။ သူက ဆက်၍...

"ကျွန်တော်က ရီဖူရှင်းက ဘယ်နေရာက ကျွန်တော့်ထက် ပိုသာနေတာလဲ သိချင်ရုံပါ... ကျွန်တော်က ဘာလိုနေတာလဲ သိချင်တာ..."

ခုနက မေးခွန်းမေးသော စာမေးပွဲကြီးကြပ်သူက အတန်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက ဆက်၍...

"ကောင်းပြီလေ ... မင်းက သံသယဖြစ်နေတယ် ဆိုမှတော့ ဘာကြောင့်လဲဆိုတာ မင်း သဘောပေါက်အောင် ငါတို့လုပ်ပေးမယ်..."

ကျောင်းသားများနှင့် ပရိသတ်များအားလုံးက အခြေအနေအား စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ သူတို့အားလုံးကလည်း ယန်ဇူအား ကျော်ဖြတ်နိုင်သော မည်သည့် အဖြေမျိုး ရီဖူရှင်းက ဖြေကြားခဲ့သည်ကို သိလိုနေကြသည်။

"ပထမမေးခွန်းက မြင်းစစ်သည်နဲ့ မှော်ဆရာ တိုက်ပွဲဖြစ်လျှင် မှော်ဆရာရဲ့ သဘာဝစွမ်းအင် ကုန်ဆုံးသွားပါက သင်က မြင်းစစ်သည်ဆိုလျှင် ဘာလုပ်မည်နည်း။ အကယ်၍ သင်က မှော်ဆရာဆိုလျှင် ဘာလုပ်မည်နည်း... ဒီမေးခွန်းကို ယန်ဇူ... မင်းဘယ်လို ဖြေမလဲ..."

ယန်ဇူ၏မျက်ခုံးများ မြင့်တက်သွားသည်။ သူက ယုံကြည်မှုရှိစွာ ဖြေလိုက်သည်...

"တကယ်လို့ ကျွန်တော်က မြင်းစစ်သည်ဆိုရင် မှော်ဆရာရဲ့ သဘာဝစွမ်းအင် အားလုံးကုန်သွားတဲ့ အထိ အဆက်မပြတ် တိုက်ခိုက်မှာပဲ... တကယ်လို့ ကျွန်တော်က မှော်ဆရာဆိုလျက် ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ရှာပြီး အခွင့်အရေးရတာနဲ့ တစ်ပြိုင်နက် အားကုန်သုံးပြီး တိုက်မှာပဲ..."

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံးက ယန်ဇူ၏အဖြေမှာ သင့်လျော်သည်ဟု တွေးကြသည်။ လူတိုင်းက သူဖြေသကဲ့သို့ ဖြေကြမည်ဖြစ်သည်။ ဤသို့ဆိုလျှင် သူ မည်သည့်နေရာတွင် မှားနေသနည်း။ ဤမေးခွန်းကား အရေးပေါ် အခြေအနေတွင် ကျောင်းသားများက မည်သို့ဖြေရှင်းမည်ကို မေးသော မေးခွန်းဖြစ်သည်။ သူတို့၏အတွေးတွင် ယန်ဇူ၏အဖြေကား မဆိုးလှပေ။ ရီဖူရှင်းဆိုလျှင် မည်သို့ ဖြေမည်နည်း။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora