အပိုင်း( ၄၈၁) ကောင်းကင်ပျက်သုဉ်းခြင်းနှင်တံ
"အစ်ကိုသုံးက ဘာလုပ်ခဲ့တာလဲ..." ရွှီယီက ဆရာယွန်နှင့် ရီဖူရှင်းတို့ စကားကို ကြားကာ မေးသည်။
"ကျွန်တော်က အစ်ကိုသုံးကို မြေရိုင်းဒေသရဲ့ မြို့ငယ်လေး တစ်မြို့မှာ သွားတွေ့တယ်... သူက ထိပ်သီးကျောင်း သုံးကျောင်းက စောင့်ကြည့်နေတဲ့ နဂါးမြက်ကို လုယူဖို့ ကြိုးစားနေတယ်... ဒါနဲ့ ကျွန်တော်က ရုပ်ဖျက်ပြီးတော့ နဂါးမြက်ကို အစ်ကိုသုံးနဲ့အတူ ခိုးခဲ့တယ်..." ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်..." အကယ်၍ သာမန်တပည့် တစ်ယောက်က ထိုစကားကို ပြောပါက ကြောက်မက်ဖွယ် ကောင်းသော အဆုံးသတ်နှင့် ကြုံရနိုင်သော်လည်း ယခုကား ရီဖူရှင်းက ကြယ်မင်းကျောင်း၏ သားတော်ဖြစ်ကာ ထိုစကားကို ရယ်သွမ်းသွေး၍ ပြောနိုင်သည်။ ဆရာယွန်ကဲ့သို့ အဆင့်မြင့် နိုဘယ်များက မကျေမနပ် ဖြစ်သည့်တိုင် ဘာမှ လုပ်မရပေ။ နဂါးမြက်အပြင် လျှို့ဝှက်ဘုံကလည်း သူ့ကြောင့် ပြိုလဲခဲ့ရသည်။
ရွှီယီနှင့် လျိုဖန်းတို့က မယုံကြည်ခြင်း များစွာဖြင့် မျက်လုံးများ ပြူးကျယ် သွားကြသည်။
"အစ်ကိုတို့... ခင်ဗျားတို့က ဒီမှာ နေပြီး လေ့ကျင့်ချင်လား..." ရီဖူရှင်းက မေးသည်။ အလွန်ဝေးကွာသော အရပ်တွင် ပြန်လည် တွေ့ဆုံခြင်းက သူ့အား လွန်စွာ ပျော်ရွှင်စေသည်။ သူ၏အစ်ကိုများက ဉာဏ်များလွန်း လှသော်လည်း သူ့အပေါ် ကောင်းကောင်း ဆက်ဆံကြပေသည်။
"သားတော်နေရာလည်း မရှိတော့ဘူး... ဒီမှာ ဘာလို့ နေရမှာလဲ..." လျိုဖန်းက မလိုလားစွာ ပြောသည်။ သည်ကောင်က သားတော် ဖြစ်သွားရာ သူတို့အား ဘေးတွင် နေခိုင်းခြင်းက ကောင်းသော အကြံတော့ ဟုတ်ဟန်မကျ။ သူတို့က အောက်ကျတော့ မခံပေ။
"ကောင်းပြီ..." ရီဖူရှင်းကလည်း သဘောတူသည်။ ထိပ်သီးကျောင်း သုံးကျောင်း၏ သာမန်တပည့်များ အဖြစ် သူ၏အစ်ကိုများက နေလိုမည် မဟုတ်ပေ။
"ဒါဆို အစ်ကိုတို့မှာ တခြား အကြံတွေ ရှိသေးလား..." ရီဖူရှင်းက ဆက်မေးသည်။
"မိုးမြေကောင်းကင်မြို့မှာ မင်းနာမည်ကို ငါတို့ ကြားတာနဲ့ နတ်ဗိမာန် အိမ်တော်မှာ မင်းကို သွားရှာကြသေးတယ်... အခု မင်းက ဒီလောက် အဆင့်မြင့်တဲ့ နေရာကို ရထားပြီဆိုတော့ ငါတို့ စိတ်အေးပြီ..." လျိုဖန်းက ရီဖူရှင်း၏ပခုံးကို အသာပုတ်ကာ ပြောသည်... "အခု ငါတို့ အစ်မနှစ်ဆီကို သွားလည်လို့ ရပြီ..."