အပိုင်း (၂၃၁) : ချိန်းတွေ့ခြင်းလား
ချိန်ရှင်းမူ ရောက်ရှိလာပြီးနောက် သူက ဒွန်ဟွာကလန်မှ လူများရှိနေရာသို့ လျှောက်သွားသည်။ လူအုပ်ထဲတွင် တိတ်ဆိတ်စွာရပ်လိုက်ကာ သူက စေတီလေးထဲမှ မိန်မပျိုအား ကြည့်လိုက်သည်။ ထိုအခိုက်တွင် စေတီငယ်လေးထဲမှ မိန်းမပျိုကား အလွန်ချောမောလှပသည်။ သူမ၏ သေးသွယ်သော ခန္ဒာက ကု့ချင်းရှေ့တွင် တည်ငြိမ်အေးဆေးစွာ ထိုင်လျက် ရှိနေသည်။ ထိုစဉ်မှာပင် ကု့ချင်ကြိုးများက စတင်လှုပ်ခတ်လာကာ သံစဉ်များ ထွက်ပေါ်လာသည်။
ဂီတသံစဉ်တွင်ကား အလွန်ထူးခြားကောင်းမွန်သော အနုပညာရသသိပါဝင်ကာ ထိုအရာက ချင်မုံရိုအား ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများကို ဖြစ်ပေါ်စေသည်။ သူမက ကု့ချင်းကို တီးခတ်လျင် သူမ၏ ခန္ဒာက နေရောင်ခြည်နွေးနွေးအောက်တွင် လေတဖြူးဖြူးတိုက်ခတ်နေပြီး လင်းလက်ကာ သိမ်မွေ့ငြိမ်သက်သော ခံစားချက်ကို ပေးသည်။
ထိုအရာကား အလွန်လွယ်ကူသော ဂီတသံစဉ်တစ်ခုဖြစ်သည်။ သံစဉ်များက ငြိမ်သက်တိတ်ဆိတ်ကာ လှပသော မြင်ကွင်းအား တည်ငြိမ်အေးချမ်းမှုကို ပေးသည်။ ဂီတသံစဉ်ကဲ့သို့ပင် သူမ၏ ကိုယ်ဟန်အမူအယာကလည်း သိမ်မွေ့ကာ တည်ငြိမ်အေးချမ်းသည်။
ဂီတသံစဉ်က ထူးထူးခြားခြားသိပ်မရှိလှသော်လည်း လူတိုင်းက သာယာမှုကို ခံစားကြရ၏။
ထိုအခိုက်တွင် ဒွန်ဟွာကလန်၏ နေရာမှ ချိန်ရှင်းမူ၏ လက်ထဲတွင် အစိမ်းရောင်ပစ္စည်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာကား ဝါးပုလွေတစ်ခုဖြစ်၏။ ချိန်ရှင်းမူ၏ သူ၏ဝါးပုလွေအား နှခမ်းတွင် တေ့ကာ ဖြည်းညင်းစွာ မှုတ်လိုက်သည်။
ပုလွေသံက ကု့ချင်း၏ ဂီတသံစဉ်အား လိုက်ပါစီးမြောသွားသော်လည်း မူလသံစဉ်၏ အနုပညာရသသိကား ပျက်စီးသွားခြင်း မရှိပေ။ ထိုအစား ပုလွေသံက ကု့ချင်းသံစဉ်နှင့် လိုက်လျောညီထွေ ရှိနေသည်။ နောက်ထပ် အနုပညာရသသိတစ်ခု ဖြစ်ပေါ်လာကာ သဘာဝမြင်ကွင်းတစ်ခုအား ဖော်ကြူး၏။ ညင်သာသော လေညင်းက တိုက်ခတ်သောအချိန်တွင် သစ်ရွက်များ တဖြုတ်ဖြုတ်ကြွေလျက်ရှိသည်။ လူတိုင်း၏ စိတ်အာရုံတွင် ခံစားနေရသည်ကား နေရောင်နှင့် လေညင်းများသာ မဟုတ်တော့ဘဲ သူတို့က လိပ်ပြာများနှင့် သမင်ငယ်များ ပျံသန်း ပြေးလွှားနေသည်ကိုလည်း တွေ့ရ၏။