အပိုင်း ၈၀၁ မှ ၈၁၀ အထိ

1.4K 48 6
                                    

အပိုင်း(၈၀၁)သင်္ချိုင်းကုန်းကျေးရွာ

ပြည်နယ်ကိုးခုမှ လူများ၏ မျက်လုံးများက မြေရိုင်းပြည်နယ်၏ လူငယ်ခေါင်းဆောင် ဖြစ်သော ရီဖူရှင်းထံကို ရောက်လာကြသည်။ ယခုတွင် သူက အမှန်တကယ် မြေရိုင်းပြည်နယ်၏ ခေါင်းဆောင် ဖြစ်သည်ဟု အားလုံးက ခံစားကြရသည်။ သူက ငယ်ရွယ်သေးသော်လည်း သူထုတ်ဖော် ပြသသော ဟိတ်ဟန်နှင့် အရှိန်အဝါက ခေါင်းဆောင်ရှန့်ထို တစ်ပါးနှင့် မခြားတော့။

ရီဖူရှင်းအပေါ်​ ကျောက်ရာ၏ တုပယှဉ်ပြိုင်လိုမှုက ကျောက်ခဲကို ကြက်ဥဖြင့် ပေါက်သည်နှင့် မခြားနားတော့ပေ။

ထိုမျှ ကြီးမာသော ကွာဟမှုတွင် ကျောက်ရာက မည်သို့ အန်တုနိုင်အံ့နည်း။

နှိမ့်ချခြင်း၊ သိုသိပ်ခြင်း၊ ယဉ်ကျေးခြင်းများ၏ အခြားတစ်ဖက်တွင် ရီဖူရှင်းသည်လည်း မောက်မာ ဝင့်ကြွားပေသည်။ တကယ့် ရီဖူရှင်းက မည်သို့ စိတ်နေသဘောထား ရှိသနည်း။

"သူ့သိုင်းပညာကလည်း အရမ်းကောင်းနေတာ မထင်မှတ် ထားစရာပဲ..." စစ်တုရင်ရှန့်ထို၏ နဝမတပည့်က ချီးကျူး၏။ သူက ရီဖူရှင်းကို စစ်တုရင်ကျေးရွာ၌ အနီးကပ် မြင်တွေ့ခွင့် ရခဲ့သည်။ ရီဖူရှင်းကား အံ့ဖွယ်ကောင်းသော ထိုးထွင်း နားလည်နိုင်စွမ်း၊ ခိုင်မာသော ဇွဲသတ္တိတို့ကို ပိုင်ဆိုင်၏။ သို့သော်လည်း ယနေ့တွင် ရီဖူရှင်း၏ တခြားတစ်ဖက်ခြမ်းကို မြင်တွေ့ခွင့် ရခဲ့သည်။ သူကား တော်ဝင်မြေ၏ အကြီးအမှူး ဖြစ်၏။ သူက အတွေ့အကြုံ နည်းသည့်တိုင် တောက်ပသော အနာဂတ် ရှိသည်။

စစ်တုရင် ရှန့်ထို၏ တပည့်များ အားလုံးမှာ အံ့အားသင့်သော အမူအရာများ ဖြစ်နေကြသည်။ ရန်ရှောင်ကပင် လီခိုင်ရှင်းအား တစ်ချက် လှမ်းကြည့်၏။ သူ့ဆရာ၏ ရွေးချယ်မှုက မည်မျှ တိကျသည်ကို သူမသိသော်လည်း သူ့ညီလီခိုင်ရှင်း၏ အနည်းငယ်မျှသော ဘက်လိုက်မှုကြောင့် မဟုတ်လျှင် လျူကျောင်းက စစ်တုရင် ကစားကွက်ကို ဖျက်နိုင်လိမ့်မည် မဟုတ်ခဲ့။ လျူကျောင်းက ကစားကွက်ကို မဖြေရှင်းနိုင်ခဲ့ပါလျှင် သူ၏ဆရာကလည်း လျူကျောင်းကို ရွေးချယ်ဖြစ်မည် မဟုတ်ပေ။ ယခုကား ထိုအရာများက အရေးမကြီးတော့ပေ။ လက်ရှိတွင် သူတို့၏ဆရာကို အချုပ်အနှောင်မှ လွတ်မြောက်အောင် ကြိုးစားရန် အရေးကြီးပေသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora