စာစဉ် ၈၀

1.7K 51 2
                                    

အပိုင်း(၁၁၅၄): ရှောင်ရှမ်းနှင့် တွေ့ဆုံခြင်း

အင်ပါယာရှားဘုံ၊ ရှောင်မျိုးနွယ်စုအိမ်တော်။

ရှောင်ရှမ်းတစ်ယောက် ငြိမ်သက်တိတ်ဆိတ်စွာ ကျင့်ကြံနေ၏။ တစ်စုံတစ်ယောက် ဝင်လာသည်ကိုသတိထားမိကာ ရှောင်ရှမ်းက သူ့မျက်လုံးများကို ဖွင့်ကြည့်သည်။ ဝင်လာသူမှာ သူ၏ အဖေ ရှောင်ချိန်ဟေး ဖြစ်သည်။

ရှောင်ချိန်ဟေးသည် တစ်ချိန်က သူ မျှော်လင့်ချက်ကြီးစွာ ထားခဲ့ဖူးသော သားဖြစ်သူကို ကြည့်သည်။ တစ်နေ့တွင် ရှောင်ရှမ်းသည် ရှောင်မျိုးနွယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည်ဟု သူ မျှော်လင့်ခဲ့၏။

ထို့ကြောင့် ရှောင်ချိန်ဟေးသည် သူတတ်နိုင်သမျှ အရာအားလုံးကိုလုပ်ဆောင်၍ သူ့သားအတွက် လမ်းဖောက်ပေးခဲ့သည်။ ရှောင်ရှမ်းက တော်ဝင်နန်းတော်ကို ဝင်၍ ရှားရှင်းယွန်အနီးတွင် ခစားစေလိုခဲ့၏။ သို့မှသာ နိုင်ငံရေးအာဏာ၏ အလယ်ဗဟိုချက်မသို့ နီးစပ်နိုင်ပေမည်။

သို့သော်လည်း ရီဖူရှင်းက ရှားရှင်းယွန်နံဘေးသို့ ရောက်ရှိလာသည့်အချိန်တွင် အရာခပ်သိမ်း ပြောင်းလဲကုန်၏။ ရှောင်ရှမ်းသည် နတ္ထိဘုံတိုက်ပွဲ၌ မိုက်မဲသောကိစ္စရပ်အချို့ လုပ်ဆောင်ခဲ့၏။ ထိုကိစ္စတွင် ရီဖူရှင်း သေသွားလျှင် အဆင်ပြေသွားမည်ဖြစ်သော်လည်း အင်ပါယာလီဘုံသည်ပင် ရီဖူရှင်းကို လုပ်ကြံ၍ မအောင်မြင်ခဲ့ပေ။ ကျရှုံးမှု၏အဖိုးအခကား ရှောင်ရှမ်း၏အနာဂတ်တက်လမ်းများ ပြတ်တောက်သွားခြင်းပင် ဖြစ်၏။

နောက်ပိုင်း၌ ရှောင်ရှမ်းသည် အင်ပါယာလီဘုံတွင်ရှိနေသော ရီဖူရှင်း၏သဲလွန်စအချို့အား ရရှိခဲ့ကာ သူသည် တစ်ခုခုကို ကြံစည်လုပ်ဆောင်ခဲ့၏။

ထိုအကြောင်းကို ရှောင်မျိုးနွယ်မှ အခြားလူများ သိရှိခြင်း မရှိသော်လည်း ရှောင်ချိန်ဟေးကတော့ တစ်စွန်းတစရိပ်မိလေ၏။

"ရီဖူရှင်း ပြန်ရောက်လာပြီ" ရှောင်ချိန်ဟေးက ပြောသည်။ ရှောင်ရှမ်း၏ မျက်ဝန်းထောင့်စွန်းများ လှုပ်ရှားသွားသည်။

သူ အမှန်တကယ် အသက်ရှင်လျက် ပြန်ရောက်လာသည်လား။

သို့ဆိုလျှင် သူ့ကို သတ်နိုင်သည့်သူ မရှိတော့ဘူးလား။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now