စာစဉ်(၉၃)

2.4K 67 23
                                    

အပိုင်း(၁၃၃၀): ထွက်ခွာခြင်း

တော်ဝင်လက်ထပ်ပွဲ ပြီးသည့်နောက်တွင် လူတိုင်း မိမိနေရပ်သို့ ပြန်လာခဲ့ကြသည်။

လူအများသည် နက်နဲသော ခံစားချက်များကို ခံစားမိနေဆဲဖြစ်သော်လည်း အချို့သော ထိပ်တန်းပါရမီရှင်များသည်တော့ အလွန်ပင် စိတ်မသက်မသာ ခံစားနေကြရပေသည်။ အကြောင်းမှာ လက်ထပ်ပွဲကြောင့် မဟုတ်ဘဲ ချီရှန်း ပြောလိုက်သည့် စကားကြောင့်သာ ဖြစ်သည်။

သွေးနဂါးဘုံရှိ တော်ဝင်နန်းတော်မှ မဟာဝင်္ကပါသည် နောက် ခုနစ်ရက်အတွင်း အသက်ဝင်လာလိမ့်မည် ဖြစ်ပြီး ကြီးမားသည့် မဟာလမ်းစဉ်လေဟာနယ် ပွင့်ဟလာပြီး အထက်တော်ဝင်ဘုံများသို့ သွားသည့် လမ်းဖြစ်ပေါ်လာပေမည်။

ထိုသို့သော ဝင်္ကပါများသည် အသက်သွင်း၍ အသုံးပြုသည့်အခါတိုင်းတွင် များပြားလှသော ကုန်ကျစရိတ်များသည် မမျှော်လင့်နိုင်သော ပမာဏအထိ ရှိပြီး သွေးနဂါးဘုံရှိ ထိပ်သီးအင်အားစုများသည်ပင် တတ်စွမ်းနိုင်သည့် ပမာဏမဟုတ်သော အသုံးစရိတ်မျိုး ဖြစ်လေသည်။ ထိုကုန်ကျစရိတ်သည် သွေးနဂါးဘုံတစ်ခွင်လုံးကို လွှမ်းမိုးထားသည့် သွေးနဂါးအင်ပါယာအတွက်သည်ပင် ကြီးမားသည့် ပမာဏဖြစ်သည်။

ထိုသို့သော ဝင်္ကပါသည် တော်ဝင်နန်းတော်အတွင်းတွင် တစ်ခုသာရှိပြီး အရေးကြီးသည့် ပုဂ္ဂိုလ်များသာလျှင် ဖြတ်သန်းသွားလာခွင့် ရှိပေသည်။ သူတို့ ဤတစ်ခေါက် ဖွင့်မည့်ဝင်္ကပါ ဖြတ်သန်းခွင့်ကို လွဲချော်သွားပါက အထက်တော်ဝင်ဘုံသို့ သွားရောက်ရန် အခွင့်အရေး မည်သည့်အချိန်မှ ရရှိတော့မည်ကို မည်သူမှ မသိရှိကြပေ။

ချီရှန်းသည် ဤအခွင့်အရေးကို ရယူရန် သူတို့အား ဖိတ်ကြားချက်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

မည်သူကမှ ထိုသို့သော အခွင့်အရေးကို လက်လွတ်ခံချင်မည် မဟုတ်ဘဲ အားလုံးသော ထိပ်သီးပုဂ္ဂိုလ်တို့သည် မကြာခင်ရက်အတွင်း သွားရမည့် ခရီးစဉ်အတွက် အသင့်ဖြစ်စေရန် စိတ်စောနေကြပေသည်။

ထိုနေရာသည် အထက်တော်ဝင်ဘုံ ဖြစ်ပြီး မဟာလမ်းစဉ်ရှိ သုံးထောင်သော ဘုံများ၏ အဓိကဘုံ ဖြစ်သည်။ ထိုဘုံသည် သုံးထောင်သော ဘုံတို့ ဝန်းရံထားသည့် ဘုံမျိုးဖြစ်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Où les histoires vivent. Découvrez maintenant