စာစဉ် (၁၄၃)

1.1K 23 0
                                    

အပိုင်း(၂၀၂၈)လမ်းစဉ်တိုက်ပွဲ

အောက်ခြေရှိ ရန်ဟောင်များက အနည်းငယ် အံ့အားသင့် တုန်လှုပ်သွားခဲ့ကြသည်။ နယ်မြေသခင်၏ အကြည့်များက တုန်းဟွာနန်းတော် စင်မြင့်အောက်ခြေရှိ အဖွဲ့ဆီသို့ ကျရောက်သွားသည်။ ထို့နောက် သူက ပြောလိုက်၏။ "ခင်ဗျားတို့တွေ သူတို့ကို မှတ်မိမယ်ထင်တယ်။ တုန်းဟွာကျောင်းတော်ရဲ့ ကျင့်ကြံသူ နင်ဟွာ၊ နတ်မိမယ်ထိုက်ဟွာ၊ မြူနှင်းဝေနတ်နန်းတော်က နတ်မိမယ်တွေနဲ့ တခြားအင်အားစုတွေက 'ပျက်စီးခြင်း'၊ ကျန်းယွဲ့လီ၊ ကျုံးချန် စတဲ့ အကောင်းဆုံး မျိုးဆက်သစ်လေးတွေပဲလေ။ ကျုပ်တောင်မှ သူတို့ကို ကြားဖူးတယ်ဆိုတော့ သူတို့က တကယ် ကျော်ကြားတာပဲ။"

လူအများက ပြုံးလိုက်ကြသည်။ နယ်မြေသခင်က စနောက်သောအသံနှင့် ပြောနေသည်မှာ သိသာပေသည်။ သူက အလွန် သာမန်ဆန်ကာ သူအများ၏ သူ့အပေါ် လေးစားနှစ်သက်မှုကို တိုးတက်လာစေသည်။

အမှန်တကယ်ပင် နင်ဟွာ၊ ကျန်းယွဲ့လီတို့၏ အမည်ကို ယခင်က လူတိုင်း ကြားဖူးကြသည်။ ထပ်ပြောရလျှင် နတ်မိမယ်ထိုက်ဟွာ၊ ဓားအင်ပါယာလျှို့နျန်၊ ချင်းချင်း၊ လင်းဟယ် နှင့် တုန်းဟွာကောင်းကင်မှ အခြားရန်ဟောင်များ၏ အမည်ကို သူတို့ ကြားဖူးကြပေသည်။

"ခင်ဗျားတို့လည်း သူတို့ရဲ့ ခွန်အားကို သိချင်ပြီး ယှဉ်ပြိုင်ကြည့်ချင်လိမ့်မယ်ဆိုတာ သေချာတယ်။ ဒီနေ့ ကျုပ်က ပြိုင်ပွဲလေးတစ်ခုလုပ်ပေးမယ်။ ခင်ဗျားတို့ ဘယ်သူ့ကို စိန်ခေါ်ပြီး ယှဉ်ပြိုင်ချင်သည်ဖြစ်စေ စိတ်ကြိုက်ရွေးချယ်လို့ ရတယ်။ သူတို့ လက်ခံရလိမ့်မယ်။ ကျုပ်တို့လို အဖိုးကြီးတွေက တုန်းဟွာနယ်မြေရဲ့ မျိုးဆက်သစ်တွေထဲမှာ သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ဖော်မပြသရသေးတဲ့ မျိုးဆက်သစ်လူငယ် ဘယ်လောက်များများ ရှိလဲဆိုတာ ကြည့်ကြရအောင်။ သူတို့ကို အနိုင်ယူနိုင်ခဲ့ရင်တော့ အကောင်းဆုံးမြင်ကွင်း ဖြစ်လာမှာပဲ။" ထို့နောက် နယ်မြေသခင်က အပြုံးနှင့် ပြောလိုက်သည်။ "မင်းတို့သာ သူတို့ကို အနိုင်တိုက်နိုင်သရွေ့ သူတို့အင်အားစုတွေက မင်းတို့ကို လက်မခံရင်တောင် ကျုပ်တို့ နယ်မြေသခင် အိမ်တော်က လက်ခံပေးမှာ။ ထပ်ပြောရရင် ဆုတစ်ခုလည်း ရှိလိမ့်ဦးမှာ။ ဘယ်လောက်ကောင်းလိုက်သလဲ။"

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Donde viven las historias. Descúbrelo ahora