အပိုင်း ၅၉၁ မှ ၆၀၀ အထိ

1.3K 54 2
                                    

အပိုင်း(၅၉၁)ထို့ကျန်းနန်းဆောင်မှပဋိပက္ခ

ကောင်းကင်တက်လှမ်း မျှော်စင်ကား ရွှေရောင်များ လင်းလက်နေသည်။ အဝေးမှ ရပ်နေရင်းကပင် မျှော်စင်ထံမှ ကြီးမားသော ဖိအားကို ရီဖူရှင်း ခံစားရ၏။ အထူးသဖြင့် ရွှေရောင် အမျှင်တန်းများက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်း သွားသောအခါ ဖြစ်သည်။ တစ်စုံတစ်ယောက်က မျှော်စင်ထဲတွင် ရပ်နေရင်းကပင် သူတို့၏ခန္ဓာကိုယ်ကို လေ့ကျင့်ကာ သတ္တုဓာတ်အား ခံစား သိမြင်နိုင်ပေသည်။

မျှော်စင်၏ အောက်ခြေ တံခါးကို နေ့ညမပြတ် ဖွင့်ထားသည်။ ထိုနေရာတွင် လူတစ်ယောက်က ရပ်နေသည်ကို မြင်ရာ ရီဖူရှင်းက ထိုနေရာသို့ လျှောက်သွားသည်။

"အစ်ကိုချီကျီး..." ရီဖူရှင်းက လှမ်းခေါ်သည်။

"မင်းက နန်းတော်ကို ရောက်လာတာနဲ့ စီနီယာတွေကို အနိုင်ကျင့်လာတယ်ပေါ့ ဟုတ်လား..." ချီကျီးက ပြုံးလျက် မေးသည်။

"မင်းက သူတို့အားလုံးကို အနိုင်ယူလာတဲ့ နေ့ကျရင် မင်းကို ဘယ်သူက ဘာမှ ပြောမှ မဟုတ်တော့ဘူး..." ချီကျီးက ပြောသည်... "ဪ ... ဒါနဲ့ ခုနက မိန်းကလေးက ထို့ကျန်း နန်းဆောင်က တပည့်တစ်ယောက်ပဲ... သူမရဲ့ နာမည်က ကျန်းကျိချင်လို့ ခေါ်တယ်... သူမက ကျန်းနိုင်ငံက မင်းသမီးလေးပဲ... သူမက မလှဘူးလား..."

ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။ သည်လူက တကယ်ရော ဘုန်းကြီးလား...။

"ချိုမြိန်တဲ့သကြားမှာ အဆိပ်ကပ်ပါ လာတတ်တယ်... ကျုပ်က ရုပ်ဝတ္ထု အလှအပတွေကို ဂရုမစိုက်ဘူး..." ရီဖူရှင်းက ပြောသည်။ ကျန်းကျိချင်ကား အမှန်ပင် အလှဂဂေးတစ်ယောက် ဖြစ်သော်လည်း သူမ၏ စိတ်နေသဘောထားက ဆိုးဝါးသည်ဟု သူယူဆသည်။

ချီကျီးက ဝါးလုံးကွဲ ရယ်မောသည်။

"ဒါဆို စီနီယာက ဒီမှာ ဘာလုပ်နေတာလဲ..." ရီဖူရှင်းက မျှော်စင်ထဲကို ဝင်လိုက်ရင်းက ပြောသည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခု သူ့ထံကို ဆင်းသက်လာသည်။ ရီဖူရှင်းက အပေါ်ကို မော့ကြည့်သည်။ မျှော်စင်ကား ဆယ့်ရှစ်ထပ် ရှိသည်။ ဘေးပတ်ပတ်လည်တွင် လှေကားထစ်များနှင့် နံရံကို ကပ်လျက် ပြုလုပ်ထားသော အထပ်များကို မြင်ရသည်။ လူအများအပြားက တစ်နေရာစီယူကာ ထိုင်လျက် လေ့ကျင့် နေကြသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Onde histórias criam vida. Descubra agora