အပိုင်း (၂၄၁) ကော့တေး၏ လေးယောက်မြောက်တပည့်
ဂူတုံးလျို၏ စကားက ပတ်ဝန်းကျင်အား အေးစက် သွားစေသည်။
လူတိုင်းက လေထဲမှ အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်လိုက်ကြသည်။ ကော့တေးမှ တပည့်အား ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်တို့က ပူးပေါင်း၍ ဖိနှိပ်သည်ကို သိသည့်တိုင် ဂူတုံးလျိုကား လက်စားချေရန် ရောက်လာခဲ့သည်။ အကယ်၍ ချင်ပြည်ထောင်က ဒွန်ဟွာကလန်ကား အကာအကွယ် ပေးပါက ချင်ပြည်ထောင်က ထိုကိစ္စတွင် ဝင်ရောက် ပတ်သက် နေသည်ဟု ဝန်ခံလိုက်ခြင်းနှင့် အတူတူပင်။
ဂူတုံးလျိုကား ချင်ပြည်ထောင်ကို ရွေးချယ်မှု ပြုလုပ်ရန် ဖိအား ပေးနေသည်။ ချင်ပြည်ထောင်ကသာ ဝန်ခံလိုက်လျှင် ဂူတုံးလျိုက မည်သို့ ပြုလုပ်မည်ကို လူအများက သိလိုကြသည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ကား အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး အင်အားစုနှစ်ခု ဖြစ်သည်။ သူတို့သာ ပူးပေါင်းပါက ကျောင်းတော်က ခုခံနိုင်ပါ မည်လော။ ထို့ကြောင့် ကော့တေးက တိုက်ရိုက် စစ်ကြေညာရဲပါ့မလား။ ကော့တေး၏ နောက်ထပ် ခြေလှမ်းက မည်သို့ ဖြစ်မည်နည်း။
ချင်ယွီက သူ့အား ခြိမ်းခြောက်နေသော ဂူတုံးလျိုအား ဆက်လက်၍ စိုက်ကြည့်နေသည်။
သူကား ကော့တေး၏ တတိယ တပည့် ဂူတုံးလျိုဖြစ်သည်။
"ငါတို့ရဲ့လူက ဒီနန်းတော်မှာ အနိုင်ကျင့် ခံရတဲ့အချိန်မှာ ချင်ပြည်ထောင်က ဝင်မပါခဲ့ဘူး.... ဒါကြောင့် ကျုပ်လုပ်မည့် ကိစ္စမှာလည်း ခင်ဗျားက ဝင်မပါဖို့ မျှော်လင့်တယ်... မဟုတ်ရင် မင်းတို့ကလည်း အလိုတူ အလိုပါလို့ သတ်မှတ်ရလိမ့်မယ်....." ဂူတုံးလျိုက အသာအယာ ပြောသည်.... "ကော့တေးက အခမ်းအနားကို စိတ်ရင်းနဲ့လာတယ်.... ချင်ပြည်ထောင်က တကယ်ပဲ အလိုတူ အလိုပါဆိုရင် ကျုပ်တို့ကလည်း အလျှော့ပေးမယ် မထင်နဲ့...."
ထိုသို့ပြောပြီး ဂူတုံးလျိုက ဒွန်ဟွာကလန်ထံသို့ လျှောက်သွားလိုက်သည်။ ချက်ချင်းပင် မမြင်ရသော အားလှိုင်းတစ်ခုက ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
![](https://img.wattpad.com/cover/306620134-288-k19651.jpg)